Wednesday, November 30, 2011

ဟီလာရီ ကလင်တန် နေပြည်တော်သို့ ရောက်ရှိ

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် ယနေ့ ညနေပိုင်းတွင်  နေပြည်တော်သို့ ရောက်ရှိလာသည်။
မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တဦး နှစ်ပေါင်း ၅၆ နှစ် အတွင်း ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်သည်။
မစ္စကလင်တန်နှင့် အဖွဲ့သည်  ကြာသပတေးနေ့တွင် သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် တွေ့ဆုံမည်ဟု သိရသည်။
သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်က “ဒီခရီးစဉ်က အမေရိကန်- မြန်မာဆက်ဆံရေးမှာ သမိုင်းတခုပဲ၊ ဘက်ပေါင်းစုံတိုး တက်မယ်လို့ မြင်တယ်” ဟု ဆိုသည်။
နေပြည်တော်ရောက် မစ္စ ဟီလာရီကလင်တန်(ဓာတ်ပုံ - ဧရာဝတီ)
အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ဆက်လွှတ်ပေးမည်ဟု ဦးကိုကိုလှိုင်က ဆက်ပြောသည်။
နိုင်ငံခြားရေး ၀န်ကြီးသည် ခရီးစဉ်အတွင်း မြန်မာ့ နိုင်ငံရေး အခြေအနေ၊ နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ လူအခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမည် မဟုတ်ဟု မစ္စကလင်တန်က ယခု ခရီးစဉ် မတိုင်မီကတည်းက ပြောဆိုထားခဲ့သော်လည်း  အနာဂတ် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ သံတမန် ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေးနိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။
သမ္မတအိုဘားမားကလည်း  မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို အသိ အမှတ် ပြုကြောင်း၊ သို့သော် နယ်စပ် တိုင်းရင်းသား ဒေသ တိုက်ပွဲများ၊ နိုင်ငံရေး အကျဉ်းသားများကိစ္စ၊  မြောက်ကိုရီးယားနှင့် မြန်မာ ဆက်စပ်မှု စသည်တို့မှာ စိုးရိမ်စရာ အခြေအနေ ဖြစ်ကြောင်း မကြာသေးမီက  ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မစ္စကလင်တန် လာရောက်ချိန်နှင့် တိုက်ဆိုင်စွာ မီးရထား ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယမန်နေ့က တွေ့ဆုံပြီး ကချင်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သေးသည်။
KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က “မစ္စကလင်တန် အနေနဲ့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား အရေးကို ဖြေရှင်းဖို့ လိုတယ် ဆိုတာကိုတော့ မြန်မာ အစိုးရကို ရှင်းရှင်းလင်းလင်း ပြောပြစေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်လည်း  တွေ့ဆုံမည် ဖြစ်သည်။
အမေရိကန် မြန်မာဆက်ဆံရေးသည် မင်းတုန်းမင်း လက်ထက်မှ စတင်သည်ဟု ပြောဆို နိုင်သော်လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက်တွင် ပိုမို နီးကပ်စွာ ဆက်ဆံခဲ့သည်ကို တွေ့ရသည်။
လွတ်လပ်ရေးရပြီးခေတ်တွင် အားကောင်းလာသည့် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် တခြားသော လက်ဝဲ ပါတီများကို ဆန့်ကျင်နိုင်ရန် အတွက် ၀န်ကြီးချုပ် ဦးနု ခေါင်းဆောင်သည့် ဖဆပလအစိုးရနှင့် အမေရိကန်အစိုးရတို့ ပိုမိုနီးကပ်စွာ ဆက်ဆံခဲ့ပြီး အာရှဖောင်ဒေးရှင်း၊ ဖို့ဒ် ဖောင်ဒေးရှင်း စသည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး လူမှုရေး အကူအညီများကို လက်ခံခဲ့သည်။
၁၉၅၂ ခုနှစ် အမေရိကန် ဒုသမ္မတ ရစ်ချတ်နစ်ဆင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ၀န်ကြီးချုပ် ဦးနု အမေရိကန်သို့ အပြန်အလှန် သွားရောက် လည်ပတ်ခဲ့သည် အထိ ဆက်ဆံရေး တိုးတက်ခဲ့သည်။
သို့သော် ၁၉၅၀ ပြည့်နှစ်ခန့်တွင် ရှမ်းပြည်နယ်သို့ ကျူးကျော် ၀င်ရောက်လာသည့် တရုတ်ဖြူ ကူမင်တန် တပ်များကို  အမေရိကန်အစိုးရက ကူညီသောအခါတွင် နှစ်နိုင်ငံ ဆက်ဆံရေး အနည်းငယ် ယိုယွင်းခဲ့သည်။ သို့သော်လည်း နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေးမှာမူ ၁၉၈၈ ခုနှစ်မတိုင်မီအထိ ဆက်လက် ရှိနေခဲ့သည်။
တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ဌာနကို ဦးဆောင် ဖွဲ့စည်းခဲ့သည့် ဗိုလ်မှူးချုပ် မောင်မောင် လက်ထက်တွင် အမေရိကန် စစ်တပ် နှင့် သာမက အမေရိကန် ထောက်လှမ်းရေးအဖွဲ့ CIA နှင့်ပါ အနီးကပ် ဆက်ဆံခဲ့သည်။
၁၉၆၀ ပြည့်နှစ် တ၀ိုက် ဗိုလ်မှူးချုပ်မောင်မောင် ရာထူးမှ အနားပေးခံခဲ့ရပြီး နောက်ပိုင်းတွင်လည်း  မြန်မာ့တပ်မတော် အရာရှိများကို အမေရိကန် စစ်တက္ကသိုလ်များနှင့် စစ်သင်တန်းများသို့ ဆက်လက် စေလွှတ်ခဲ့သည်။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင် အပါအ၀င် ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ် ဉာဏ်လင်း၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်မှူးကြီး အောင်ကိုး တို့သည် အမေရိကန် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည့် ထင်ရှားသည့် စစ်ဘက် အရာရှိကြီးများ ဖြစ်သည်။
၁၉၆၆ ခုနှစ် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်း အမေရိကန်သို့ သွားရောက်ကာ သမ္မတ ဂျွန်ဆင် နှင့် တွေ့ဆုံခဲ့သော်လည်း နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး အေးစက်သွားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံက မူးယစ်ဆေးဝါး နှိမ်နင်းမှုအစီအစဉ်များအတွက် အမေရိကန်၏ အကူအညီများကို လက်ခံခဲ့သည်။
၁၉၈၈ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို အဆက်မပြတ် နှိမ်နင်းခဲ့ခြင်း၊ လူအခွင့် အရေးချိုး ဖောက်ခြင်းများကြောင့်  သံတမန်ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့သည်။
 

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အမှတ်တရ ပစ္စည်း ရောင်းအားကောင်း

2011-11-29
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ဗွီနိုင်း (V 9) နံရံချိတ် ပိုစတာတွေ တီရှပ်နဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေကို အင်န်အယ်လ်ဒီ ပါတီ ဌာနချုပ် ရွှေဂုံတိုင်ရုံးမှာ အခု ရက်ပိုင်း အတွင်း ၂ ဆနီးပါး ရောင်းချနေရကြောင်း သိရပါတယ်။
NLD
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ အောက်တိုဘာလ ၂၅ ရက်နေ့က စတင် ဖွင့်လှစ်ပြသသော The Portraits of Myanmar people အမည်ရှိ ပန်းချီပြပွဲ၏ ဖိတ်စာကို အဖွဲ့ချုပ် အင်တာနက် စာမျက်နှာပေါ်တွင် တွေ့ရပုံ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေသာမက အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတွေလည်း အရောင်းသွက်နေပြီး ဒီကနေ့မှာတင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီနိုင်းပုံတွေ အကုန် ရောင်းလိုက်ရတယ်လို့ အင်န်အယ်လ်ဒီ ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ အင်န်အယ်လ်ဒီ ရုံးချုပ်မှာ ဖွင့်လှစ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ပစ္စည်း အရောင်းဆိုင်မှာ တိုင်းနဲ့ပြည်နယ် အသီးသီးက အင်န်အယ်လ်ဒီ ပါတီဝင်တွေ ဝယ်ယူကြသလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာပြည် ခရီးစဉ် အတွက် သတင်းယူဖို့ ရောက်နေကြတဲ့ နိုင်ငံခြားသား သတင်းထောက်တွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကလည်း ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ ဟီလာရီ ကလင်တန်က ဒီဇင်ဘာ ၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက် တွေ့ဆုံဖို့ ရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်း အတွင်းနဲ့ ခြံပြင် တစ်ဝိုက်ကို စစ်ဝတ်စုံပြည့် အမေရိကန် ကွန်မန်ဒို တပ်သားတွေ ဒီကနေ့က စပြီး လုံခြုံရေး ယူထားလိုက်ပြီလို့ သိရပါတယ်။

Sunday, November 27, 2011

အာဏာရှင်ဟောင်း ဦးသန်းရွှေ “အမှန်တကယ် အနားယူပါပြီ” –

(photo: Reuters) ဦးသန်းရွှေသည် အုပ်ချုပ်ရေးရာထူးတွင် မရှိတော့ကြောင်း မြန်မာ ထိပ်တန်း ခေါင်းဆောင်တဦးက သောကြာနေ့တွင်ပြောလိုက်သည်။
“ဗိုလ်ချုပ်မှူးကြီးက အမှန်တကယ် အနားယူပါပြီ” ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေး နောက်ဆုံးနေ့တွင် သတင်းထောက်များကို ပြောသည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ် ၂ ခုကြာ ဖိနှိပ်၊ အကျဉ်းချခဲ့ပြီးနောက် ဦးသန်းရွှေက မြန်မာစစ်တပ် အကြီးအကဲအဖြစ်မှ အနားယူလိုက်သည်။
ပြီးခဲ့သည့် မတ်လက စစ်ကောင်စီကို ဖျက်သိမ်းလိုက်သည်။ ထိုအချိန်မှစပြီး အစိုးရသတင်းစာမျက်နှာဖုံးတွင် ဖော်ပြခံရလေ့ရှိသော ဗိုလ်ချုပ်မှူးကြီးကို မတွေ့မြင်ရတော့ခြင်းဖြစ်သည်။
ကြာသပတေးနေ့ထုတ် သတင်းစာများတွင် ရန်ကုန်မြို့ရောက် မြတ်စွယ်တော်အတွက် ဦးသန်းရွှေ အလှူအတန်းလုပ်ကြောင်း ဖော်ပြထားသည်။ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သူ့အမည်ကို သတင်းစာတွင် တွေ့ရခြင်းဖြစ်သည်။
သူကိုယ်တိုင် မြတ်စွယ်တော်ကို သွားရောက် ဖူးမျှော်ခြင်းဖြစ်ကြောင်း သတင်းစာတွင် ရေးထားခြင်းမရှိသည့်အပြင် သူ၏ ဓာတ်ပုံလည်း ပါဝင်ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရ ပေါ်ပေါက်လာသော်လည်း မထင်မရှား နေထိုင်နေသည့် ဦးသန်းရွှေက လက်ရှိအစိုးရကို ချုပ်ကိုင်ထားဆဲဖြစ်သည်ဟု အများအပြားက ယူဆနေကြသည်။
သူရဦးရွှေမန်းကမူ အသက် ၇၈ နှစ် ရှိပြီဖြစ်သည့် ဦးသန်းရွှေသည်
စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီတွင်ပင် “အမှန်တကယ်” ပါဝင် ပတ်သက်ခြင်း မရှိတော့ဟု ဆိုသည်။ ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲတွင် မဲအများဆုံး ရခဲ့သည်။
“ထပ်ပြီး ရှင်းရှင်း ပြောရရင် ဗိုလ်ချုပ်မှူးကြီးက ပါတီမှာရော၊ အစိုးရအဖွဲ့မှာရော၊ ကျနော်တို့ လွှတ်တော်မှာရော အမှန်တကယ် ပါဝင် ပတ်သက်ခြင်း မရှိတော့ပါဘူး” ဟု သူက ပြောသည်။
ဦးသန်းရွှေသည် ရွေးကောက်ပွဲအပြီးတွင် အစိုးရအပေါ် တစုံတရာ သြဇာလွှမ်းမိုးမှု ရှိနေသည်ဟု အကဲခတ်များက သုံးသပ်ကြသည်။
ဦးသန်းရွှေသည် ရာထူးမှ အနားယူပါက အန္တရာယ်ရှိပုံကို သိရှိထားပြီးဖြစ်သည်။ သူက ယခင်အာဏာရှင်ဟောင်း ဦးနေ၀င်းကို ၂၀၀၂ ခုနှစ်က နေအိမ်အကျယ်ချုပ်ချခဲ့သည်။ ဦးနေ၀င်းမိသားစုဝင်တို့အား စစ်အစိုးရကို ဖြုတ်ချမှုဖြင့် အရေးယူအပြီး ထိုသို့ အကျယ်ချုပ်ချလိုက်ခြင်းဖြစ်သည်။
(AFP သတင်းကို မိုးမခက ဘာသာပြန်သည်။)

ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည်ခွင့် ရတော့မည်

ငိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။
ထိုဥပဒေအား လွှတ်တော်မှ အတည်ပြုပြီး နိုင်ငံတော် သမ္မတက သီတင်းပတ် နှစ်ပတ်အတွင်း လက်မှတ်ထိုးပြီးပါက တရားဝင် ဆန္ဒပြခွင့် ရမည်ဖြစ်သည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့က နော်အုန်းလှနှင့် အဖွဲ့တို့ ရန်ကုန် ဆူးလေစေတီတွင် ငြိမ်းချမ်းစွာစုဝေး၍ ဆုတောင်း ဝတ်ပြုနေကြစဉ် (ဓာတ်ပုံ - ဧရာဝတီ)
နိုဝင်ဘာ ၂၁ ရက်နေ့က အတည်ပြုလိုက်သော ယင်းဥပဒေအရ ဆန္ဒပြမည့်သူများသည် အစိုးရရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် သံရုံးများ စသည့်နေရာဒေသ အနီးတ၀ိုက်၌ ဆန္ဒပြပိုင်ခွင့်မရှိပေ။
ဆန္ဒပြသူများအနေဖြင့် မိမိတို့ ကြွေးကြော်မည့် ဆောင်ပုဒ်၊ အသုံးပြုမည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတို့၏ အလံ၊ နေရာတို့ကို အာဏာပိုင်များထံ ၅ ရက် ကြိုတင်၍ ခွင့်ပြုချက်ရယူခြင်း လုပ်ဆောင် ရမည်ဖြစ်ပြီး နိုင်ငံတော်အလံကိုပါ ကိုင်ဆောင်ကြရမည် ဖြစ်သည်။
ဆန္ဒပြရာတွင် လက်နက်များ ကိုင်ဆောင်ခွင့်ကို ကန့်သတ်ထားပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ သံဃာတော်များက ဆန္ဒပြပိုင်ခွင့် မရှိကြောင်း သိရသည်။
ထိုဥပဒေအား ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒု – ဗိုလ်ချုပ်ကြီးကိုကိုက စက်တင်ဘာလအတွင်း ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ တင်သွင်းဆွေးနွေးခဲ့ပြီး ယခု အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်း လှည့်လည်ခြင်းကို အသုံးချ၍ အများပြည်သူကို အနှောင့်အယှက် ဖြစ်စေခြင်း၊ ဘေးအန္တရာယ် ဖြစ်စေခြင်း၊ ထိခိုက် နစ်နာစေခြင်းတို့မှ ကာကွယ်ရန် ရည်ရွယ်ပြီး အသစ် ရေးဆွဲရခြင်းဖြစ်ကြောင်း ၀န်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက လွှတ်တော်၌ ရှင်းပြခဲ့သည်ဟု သိရသည်။
၂၀၀၈ အခြေခံ ဥပဒေ၊ နိုင်ငံသားများ၏ ရပိုင်ခွင့် အခန်းကဏ္ဍ၌ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့်တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်၍ ဘောင်ကျဉ်းသော သီးခြား ဥပဒေတရပ် ပြဋ္ဌာန်းရန် မလိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောကြသည်။
နိုင်ငံသားတို့၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေ အခန်း (၈) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ အကျိုးငှာ ပြဋ္ဌာန်း သည့် ဥပဒေများအား မဆန့်ကျင်လျှင် မိမိတို့၏ ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိကြောင်း ရေးသားထားသည်။
 

Saturday, November 26, 2011

စားစရာမရှိ ဝယ်စရာရှိတဲ့ ... အဆင်းရဲဆုံး တိုင်းပြည်မှ အရှေ့တောင် အာရှရဲ့ အင်အား အကြီးမားဆုံး မြန်မာ့လေတပ်...

နိုဝင်ဘာလ ၉ရက်နေ့က မန္တလေးလေဆိပ်မှာ ရပ်နားထားတဲ့ ရုရှားနိုင်ငံမှ An-124-100 
(ဓာတ်ပုံ ဒီမိုဝေယံ)
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၉)ရက်နေ့က ရုရှားသတင်း ဝက်ဘ်ဆိုက်များမှာ မြန်မာနဲ့ ချုပ်ဆိုထားတဲ့ ဒေါ်လာ သန်း၅၇၀တန်ဘိုးရှိတဲ့ MIG 29 တိုက်လေယာဉ် အစီး(၂၀)အား မြန်မာနိုင်ငံသို့ လာမည့် ၂၀၁၂ခုနှစ်မှာ ပို့ဆောင် ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် အဆိုပါနေ့များက မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Antonov An-124-100/ 224 လေယာဉ်သို့ ဆိုက်ရောက်လာပြီး စစ်ဘက်ဆိုင်ရာ ပစ္စည်းများ လာရောက်ပို့ဆောင် သွားပါတယ်..။

မည်သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သယ်ဆောင် လာတယ်ဆိုတာ မသိရပေမယ့်.. ညဘက်မှာ လုံခြုံရေး တင်းကြပ်စွာနဲ့ ကြီးမားတဲ့ ကုန်တင် ထရပ်ကားကြီးတွေနဲ့ သယ်ဆောင် သွားတယ်လို့ ဆိုပါတယ်...။ (အဆိုပါ ကမ္ဘာ့အကြီးဆုံး ကုန်တင်လေယာဉ်ဖြစ်တဲ့ An-124-100 လေယာဉ်များဟာ အရှည်၂၂၆ပေရှိကာ အလေးချိန်ပေါင် (508,000 lb) အထိ သယ်ဆောင်နိုင်ပြီး တစ်ကြိမ် ပျံသန်းချိန်မှာ အရှည် ၅၇ပေရှိပြီး ပေါင် (24,250 lb)သာရှိတဲ့ MiG-29 ၃စင်းအထိ သယ်ဆောင် ပျံသန်းနိုင်ပါတယ်..) အောက်မှာ An-124-100လေယာဉ် သယ်ဆောင် ပျံသန်းမယ့် ရေငုပ်သဘောင်္တစီး၊ ယူအေအီးနိုင်ငံသို့ ပို့ဆောင်မယ့် Air Bus A-380 ရဲ့အလယ်ကိုယ်ထည်နဲ့ Mig-29 လေယာဉ်တို့ရဲ့ ပုံကိုယှဉ်ကြည့်နိုင်ပါတယ်..။
 အထက်ပါ ဓာတ်ပုံများကို ကြည့်ရင် မြန်မာပြည်ကို ရောက်ရှိလာတဲ့ An-124-100 ရုရှားလေယာဉ် မည်မျှကြီးမားကြောင်း ခန့်မှန်းနိုင်ပါတယ်...။
ရုရှားနိုင်ငံဟာ ၂၀၀၉ခုနှစ်ကစပြီး မြန်မာပြည်ရဲ့ တိုက်လေယာဉ် ဈေးကွက်ကို ရရှိထားတဲ့ ပြိုင်ဘက် တရုတ်ကို ရိုက်ချိုးပြီး ယခင်တရုတ်ထံမှ ဝယ်ယူထားတဲ့ J 10နဲ့ FC 1တိုက်လေယာဉ်တွေအစား MIG 29ဈေးကွက်ကို ရယူခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ် အောက်တိုဘာလကတည်းက ရုရှားMIG 29 မြန်မာလေတပ်အတွက်  အဆင့်မြင့်တင်ပေးဖို့နဲ့ ပြုပြင်ထိန်းသိမ်းရေး ကိုယ်စားပြုတဲ့ ရုံးခန်းတွေက မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ပါတယ်..။
 အပေါ်ကတော့ မြန်မာ့လေတပ်ရဲ့ ဧရာဝတီသိမ်းငှက် တရုတ်လုပ်F-7နဲ့ Q-5တို့ဖြစ်ပြီး အောက်ပုံကတော့ ရုရှားလုပ် MiG-29ဖြစ်ပါတယ်..
ရုရှားဟာ မြန်မာလေတပ်အတွက် ဒေါ်လာ ၇၁သန်း တန်ဘိုးရှိတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များနဲ့ ၂၀၀၉ခုနှစ်က ဒေါ်လာ သန်း၁၃၀တန်ဘိုးရှိတဲ့ Mig 29 တိုက်လေယာဉ် ၁၂စီးနဲ့ တိုက်ခိုက်ရေး၊ အမောင်းသင် ၂မျိုးသုံးလို့ရတဲ့ တိုက်လေယာဉ် ၂စင်းကို ရောင်းချခဲ့ပြီး ဖြစ်ပါတယ်.။ ဒါအပြင်ရုရှားမှ စစ်တပ်သုံး အမြောက်ကြီးများ၊ ရေဒါ၊ တင့်ကားများ၊ လေကြောင်း ကာကွယ်ရေးစံနစ်နဲ့ တခြားစစ်တပ်ဆိုင်ရာ ပစ္စည်းများအား မြန်မာစစ်တပ်အတွက် ထောက်ပံ့ပေးခဲ့ပါတယ်..။

နိုဝင်ဘာလ၂၅ရက်နေ့ က လှိုင်သာယာမှာ ဟောကြားမယ့် ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလ တရားပွဲပိတ်ခံရပြီး၊ ဗီနိုင်းကြော်ငြာများအား ဆွဲစုတ်ဖျက်ဆီး၊ ခြိမ်းခြောက်ခြင်းခံရ...

25-11-2011 လှိုင်သာယာ။


ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ တရားသဘင် ကျင်းပရန်အတွက် အခမ်းအနားပြင်ဆင် ပြီးသွားမှ တိုင်းညွန်ကြားချက်ဖြင့် မြို့နယ်မှ အုပ်ချုပ်ရေးတာဝန်ရှိသူများမှ လာရောက် တားဆီးပိတ်ပင် ဖျက်သိမ်း ခဲ့ပါသည်။ ဟောကြားမည့် ဆရာတော်မှာ ဆရာတော် ဥူးသုမင်္ဂလဖြစ်ပါသည်။ 

အခမ်းအနားကို လုံးဝ ဖျက်သိမ်းပစ်ရပါမည်ဟု အုပ်ချုပ်သူများ လာရောက် ပြောဆိုနေသောအချိန်တွင် မီးသတ်များ၊ နှင့် စွမ်းအားရှင်များသည် နံပါတ်တုတ်(ရာဘာ)များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရှိရပါသည်။ ဗွီနိုင်းများကိုလည်း ဆွဲစုတ် ဖျက်ဆီးသွားခဲ့ပါသည်။ တရားဟောရန် လူများပြည့်နှက် နေသည့်အချိန်မှ တရားဟောခွင့် မရှိကြောင်းလာပြောပြီး မီးသတ်ဝတ်စုံ အသစ်များဖြင့် တုတ်များကို လက်ဖြင့်ဆပြီး ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့ပါသည်။ ပရိသတ်များ အားလုံးမှာလည်း တရားပွဲရရှိရန် အလွန်ကြိုးစားပြီးမှ အခုလို တရားပွဲ ပျက်သွားရခြင်းအပေါ် အလွန်ဝမ်းနည်း ခံစားရကြောင်း မျက်ရည်များ လည်၍ပင် ပြောကြား ကြပါသည်။

အဆိုပါဖြစ်စဉ်မှာ ဆရာတော်အား သံဃာနာယကအဖွဲ့မှာ ဗုဒ္ဓဟူးနေ့တွင် သတိပေးပြီးနောက် ဖြစ်ခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပါသည်။ ဆရာတော်မှာ တရားဟောပြီး ရရှိသော ဓမ္မပူဇာများဖြင့် ပရဟိတလုပ်ငန်းများကို အကုန်ပြန်လည် လှူဒါန်းနေသော ဆရာတော် တစ်ပါးလည်းဖြစ်ပါသည်။ ထို့ကြောင့် ပရဟိတ လုပ်ငန်းများ အနေဖြင့်လည်း အလွန်နစ်နာသော ဖြစ်ရပ်လည်းဖြစ်ပါသည်။ နိုင်ငံတော်ရှိ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ရာ နေရာများကိုလည်း ဆရာတော်သည် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှလှူဒါန်း ပေးနေသော ဆရာတော် တစ်ပါးလည်း ဖြစ်ပါသည်။ အဆိုပါဆရာတော် တစ်ပါးအား တရားပွဲမဟောရန် တားမြစ်ခြင်းသည် ယခုဖြစ်ပေါ်နေသော အခြေအနေများဖြင့်လည်း အလွန်သွေဖယ်နေသော လုပ်ရပ်လည်း ဖြစ်ပါသည်။

ကောင်းမွန်သော အခြေအနေများကိုလည်း ဖျက်ဆီးပစ်သော ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးရှိ ပရဟိတလုပ်ငန်းများနှင့် ဆရာတော်အား ကြည်ညိုကြသော တရားနာ ပရိတ်သတ်များ သည် အလွန်မကျေမချမ်း ဖြစ်ကာ ၀မ်းနည်း ကြေကွဲနေရပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် ယခုလက်ရှိ အုပ်ချုပ်နေသော အစိုးရသည် ဗုဒ္ဓပူဇနိယပွဲတော် အမည်တပ်ကာ စတိတ်ရှိုးများ၊ လောင်းကစားဝိုင်းများ၊ အခြားသော ပျော်ပွဲရွှင်ပွဲများကို ခွင့်ပြုချက်များပေးကာ ယခုလို တရားပွဲ စစ်စစ်များကို ဂုဏ်သိက္ခာမရှိ တားဆီး နှောက်ယှက်မှုများ ပြုလုပ်ခြင်းသည် နိုင်ငံတော်သစ်ဆီသို့ လှမ်းနေသော ခြေလှမ်းများအား ယုံမှားသံသယ ရှိဖွယ်ပင် ဖြစ်ပါတော့သည်။

Friday, November 25, 2011

ဗုဒ္ဓစွယ်တော် ပုံရိပ်ပေါ်သည့်သတင်း အစိုးရ ဆက်တိုက်ဖော်ပြ

ဘုရားသောက်တော်ရေခွက် အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်တခု ပေါ်နေသည့်အတွက် လာရောက်ဖူးမြော်သူ လူအများနှင့် စည်ကားနေကြောင်း အစိုးရထုတ်သတင်းစာများတွင် ရက်ဆက် ရေးသားနေသည်ကို တွေ့ရသည်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် မဉ္စူသကလမ်းနေ ဦးထွန်းမြင့်၏ နေအိမ်ရှိ ဘုရားသောက်တော်ရေခွက် အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်တခု ပေါ်နေသည်ကို နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၈ နာရီခန့်မှ စ၍ ယနေ့ထိ တွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။
Alpine သောက်ရေသန့်ဗူးပေါ်တွင် မြင်ရသည့် ပုံရိပ်များ (ဓာတ်ပုံ - moemaka.com)
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “နိုဝင်ဘာလ ၂၂ ရက်နေ့ည ၈ နာရီခန့်၌ တီဗီက ထုတ်လွှင့်နေသည့် ဗုဒ္ဓစွယ်တော် သတင်းအား ကြည့်နေစဉ် လျှပ်စစ်မီး ပြတ်တောက်သွား၍ ဖယောင်းတိုင်နှင့် အမွှေးတိုင် ပူဇော်ရာမှ ဘုရားစင်ရှိ သောက်တော် ရေခွက်အတွင်း ဗုဒ္ဓစွယ်တော် ပုံရိပ် ပေါ်နေသည်ကို တွေ့ရသည်” ဟူ၍ ရေးသားထားသည်။
ဗုဒ္ဓစွယ်တော်ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပင့်ဆောင် အပူဇော် ခံခဲ့ပြီးနောက်   ကောလာဟာလ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် ရောင်းချနေသည့် ရေသန့်ဗူး တချို့တွင်လည်း ဗုဒ္ဓစွယ်တော် ပုံရိပ် ထင်နေကြောင်း၊ ထိုသို့ ထင်လာသော စွယ်တော်ပုံရိပ်များကို ထိုင်ကန်တော့သူများ ရှိနေကြောင်း သတင်းများနှင့် ဓာတ်ပုံများ facebook နှင့် ဘလော့တချို့တွင်  ပြန့်နှံ့နေသည်ကို တွေ့ရသည်။
“facebook တွေ၊ ဘလော့တွေမှာ တယောက်ချင်း ရေးကြတယ်ဆိုတာက မှားတာဖြစ်ဖြစ်၊ မှန်တာဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ရေးခွင့်ရှိတော့ အတည်ပြုရတာ ခက်တယ်။ ဒီတော့ ကောလာဟာလ လို့ပဲ တချို့က သဘောထား တတ်ကြပေမယ့် အစိုးရပိုင် မီဒီယာတွေကပါ ထပ်ပြီး ရေးလာတော့ ဟုတ်များနေမလား ဆိုပြီး လူတွေကြားမှာ ဖြစ်နေတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက ပြောသည်။
နည်းပညာနှင့် ပျော်မွေ့နေကြသည့် လူငယ်များက အယုံအကြည် နည်းပါးကြသော်လည်း လူကြီးအများစုကမူ ထိုသို့ သောက်တော် ရေခွက်နှင့် ရေသန့်ဗူးများတွင် ဗုဒ္ဓမြတ်စွယ်တော် ပေါ်သည် ဆိုခြင်းကို ယုံကြည်ကြကြောင်း ရန်ကုန်မြို့ခံ လူငယ်တဦးက ဆိုသည်။
“တယောက်က စပြီးတော့ စွယ်တော်ပုံ မြင်ရတယ် ပြောလိုက်တာနဲ့ နောက်လူတွေကလည်း အဟုတ်မှတ်ပြီး စိုက်ကြည့် ကြတယ်၊ စိုက်ကြည့်တာ နည်းနည်းကြာလာရင် တကယ်ပဲ စွယ်တော်လိုလို စိတ်ထဲက ဖြစ်လာတတ်တဲ့ သဘောပါ” ဟု
သတင်းထောက် တဦးက ပြောသည်။
၎င်းကိုယ်တိုင် ဓာတ်ပုံရိုက်ရန် သွားရောက်ခဲ့သော်လည်း စွယ်တော်ပုံကို ထင်ထင်ရှားရှား မမြင်ခဲ့ရကြောင်း၊ သို့သော် သောက်တော်ရေခွက်ထဲမှ စွယ်တော်ကို အချိန်ပေး၍ လာရောက်ကြည့်ရှုသူ အများအပြား တွေ့ခဲ့ရကြောင်း ဆက်ပြောသည်။
တရုတ်နိုင်ငံက ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်သို့ ပင့်ဆောင်ပူဇော်မှု ခံယူခဲ့သည်မှာ ယခုအကြိမ်သည် ၄ ကြိမ်မြောက်ဖြစ်ပြီး ယခုကဲ့သို့ ပင့်ဆောင် အပူဇော်ခံယူသည်ကို ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများအကြား အမြင်အမျိုးအမျိုး ကွဲပြားလျှက် ရှိသည်။
ဗုဒ္ဓစွယ်တော်မြတ် အစစ်အမှန်ကို ဖူးမြော်ခွင့်ရသောကြောင့် ၀မ်းသာ ပီတိဖြစ်ကြသူများ ရှိသကဲ့သို့ တချို့ကလည်း တရုတ်နိုင်ငံ၏ ဘာသာရေး မှိုင်းတိုက်မှု၊ မြန်မာနိုင်ငံအပေါ်လွမ်းမိုးလိုမှု တခုဟု ယူဆသူများရှိသည်။
ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းငွေ ရရှိမှုအနေဖြင့် နိုဝင်ဘာလ ၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျပ်သိန်းပေါင်း ၄၅၈၀ နှင့် နိုင်ငံခြားငွေ၊ လက်ဝတ်ရတနာ အမျိုးအတွက် တန်ဖိုး ကျပ် ၁၂၂၆ သိန်း ရရှိထားပြီး ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ယခင် နအဖ အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) + ဒေါ်ကြိုင်ကြိုင် မိသားစုကလည်း ဒေါ်လာ ၁၃၀၀ နှင့် လက်ဝတ်ရတနာ တချို့ လာရောက်လှူဒါန်းခဲ့သည်ဟု အစိုးရ သတင်းစာများတွင် ယမန်နေ့က ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာပြည်သူများ၏ ဆင်းရဲမွဲတေမှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ပြည်တွင်း မငြိမ်သက်မှု စသည်တို့ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေချိန်တွင် ပြည်သူများအား အာရုံ ပြောင်းလဲသွားစေလိုသောကြောင့် သောက်တော်ရေ ခွက်ထဲတွင် ဗုဒ္ဓမြတ် စွယ်တော်ပုံရိပ် ပေါ်နေသည်ဟု မြန်မာအစိုးရကပင် ဖန်တီးခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး စိတ်ပါဝင်စားသူများက ဝေဖန်ပြောဆိုကြသည်။
ဘာသာရေးအပေါ် ယုံကြည်မှုလွန်ကဲသည့် မြန်မာပြည်သူများအပေါ် ခုတုံးလုပ်ကာ မြန်မာအစိုးရနှင့် တရုတ်အစိုးရ တို့ ပူးပေါင်းပြီး အာရုံပြောင်းရန် ကြိုးစားနေသည်ဟု နစ်နေမန်း ဘလော့တွင် ဖော်ပြထားသည့်အပြင် တရုတ်အစိုးရကိုလည်း ပြင်းထန်စွာ ဝေဖန်ထားသည်ကို တွေ့ရသည်။
ဗုဒ္ဓမြတ်စွယ်တော်ကို တရုတ်ပြည် ပြင်ပသို့ ၇ ကြိမ် ပင့်ဆောင်ခဲ့ရာ ၄ ကြိမ်မှာ မြန်မာပြည်သို့ ဖြစ်ကြောင်း တရုတ် သာသနာရေးဝန်ကြီး Mr. Wang Zuo An က ရှင်းပြခဲ့သည်ဟု နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။
“မြန်မာနဲ့တရုတ် နှစ်နိုင်ငံ အကြား ညီရင်းအစ်ကိုလို ချစ်ကြည်ရင်းနှီးမှု ဖော်ပြရာရောက်သလို ရေစက်ရှိလို့ ဒီလိုဆုံကြရတယ် လို့လည်း ပြောလို့ရပါတယ်” ဟု တရုတ် သာသနာရေးဝန်ကြီးက ဆိုသည်။
ဗုဒ္ဓမြတ်စွယ်တော်သည် ဦးနုအစိုးရ လက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး ၁၉၉၄၊ ၁၉၉၆ ခုနှစ်တို့တွင် ထပ်မံ ရောက်ရှိခဲ့ဖူးသည်။
ယခုလတ်တလောတွင် ဗုဒ္ဓမြတ်စွယ်တော်၏ ပုံရိပ်မှာ သောက်တော်ရေခွက်နှင့် ရေသန့်ဗူးပေါ်၌ ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသကဲ့သို့ပင် ယခင် နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကျောက်တော်ကြီး ဘုရားကို တည်ခါစတွင် ဓာတ်တော်တောက်သည်ဟု ဆိုကာ နံနက်အရုဏ်တက်ချိန် စောစောထ ဖူးမြော်ခဲ့သူများ ရှိခဲ့သည်။
ထိုကဲ့သို့ ဓာတ်တော်တောက်ခြင်းသည် နည်းပညာများ အသုံးပြု၍ ဆောက်လုပ်သူ အင်ဂျင်နီယာများက လုပ်ဆောင်ခဲ့ခြင်း  ဖြစ်ကြောင်း ဝေဖန်သူများ ရှိခဲ့သကဲ့သို့ ဘုရား တည်ကာစ ဘုရားဖူး ပြည်သူများနှင့် ပြည့်လျှံခဲ့သော်လည်း ၂၀၀၄ ခုနှစ်တွင်  ဦးခင်ညွန့် အထိမ်းသိမ်းခံခဲ့ရပြီးနောက် ဘုရားဖူးသူ နည်းပါးသွားခဲ့ကြောင်း သိရသည်။ ယခုအခါ ကျောက်တော်ကြီးဘုရား ဓာတ်တော် တောက်သည်ဟု ပြောဆိုသံလည်း မကြားရတော့ပေ။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ စစ်ထောက်လှမ်းရေး ကြီးစိုးစဉ်ကာလက ရဟန္တာ သူတော်စင်များ ပေါ်ထွက်နေကြောင်း၊ ကောင်းကင်တွင် ဈာန်နှင့်ကြွနေသည်ကို တချို့က ဖူးမြင်ရကြောင်း စသည့် သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။

အတူပျံသန်းရင်း ပေးဆပ်သူများ

အတူပျံသန်းရင်း ပေးဆပ်သူများ
၂၅.၁၁.၂၀၁၁ (သောကြာ)နေ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် ဆထပ်တန်ဖိုး တိုးတတ်၍ ကူညီပံ့ပိုးဖေးမမှုအင်အားများကို တိုးမြှင့်မည့် သွေးသစ်လောင်းခဲ့သော နေ့တစ် နေ့ပင် ဖြစ်တော့သည်။ ထိုနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ကွယ်လွန်သွားပြီဖြစ်သော မိခင်ဖြစ်သူ …… အတွက် ရည်စူးကာ တေးသံရှင် ဆောင်းဦးလှိုင် (မိသားစု)တို့မှ အလှူငွေကျပ် (၅) သိန်း အား လာရောက်လှူဒါန်း၍ Honourable Member Card ပေးအပ်သော အခမ်းအနားအား တစ်ပြိုင်နက် တည်း ကျင်းပပြုလုပ်ခဲ့သည်။

ယင်း Honourable Member Card အား ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့အား ပေးအပ် ခဲ့သည်။ ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့သည် ယခင် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် လက်တွဲ၍ အများပြည်သူတို့အပေါ် ကူညီဖေးမမှုများကို ပြုလုပ်ပေးခဲ့သူများလည်း ဖြစ်သည်။ ထို့ပြင် မိမိတို့ တတ်စွမ်းသော ဂီတပညာရပ်တို့ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူ အလှူရှင်တို့ အပေါ် ပြန်လည်အမှတ်တရ ပေးအပ်သည့် နာရေးလုပ်ဆောင်မှု၊ ကူညီမှု “လူမှုရေးဂီတသူရဲကောင်း MTV” အခွေတွင်လည်း မိမိတို့၏ အချိန်၊ အင်အား၊ ငွေအားတို့ဖြင့် ပံ့ပိုးကူညီလှူဒါန်းမှုများကို ပြုလုပ်ပေးခဲ့သူများ လည်းဖြစ်သည်။ ယခုအချိန်တွင် လူမှုရေးလုပ်ငန်းရပ်အား ထဲထဲဝင်ဝင် လုပ်ကိုင်ပေးဆပ်လိုသော စိတ်ဆန္ဒအရ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားအဖြစ် ၀င်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်း အခမ်းအနားတွင် ဆောင်းဦးလှိုင်မှ အများပြည်သူတို့ အထူးလိုအပ်နေသော နာရေးကိစ္စရပ်၊ ကျန်းမာရေးစောင့်ရှောက်ကုသမှု၊ ပညာရေးကိစ္စရပ်များ ဆုံဆည်းရာနေရာဖြစ်သော နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ စိတ်ရှင်းရှင်းဖြင့် ကိုယ်တိုင်ပါဝင် ၀င်ရောက်ပံ့ပိုးကူညီမှုများ လုပ်ကိုင်လို၍ဖြစ်ကြောင်းနှင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)မှ ပြောကြားရာတွင် မိမိ၏ မိဘနှစ်ပါးသည် ခရစ်ယာန်ဘာသာဝင်များဖြစ်ကြောင်း၊ မိဘနှစ်ပါး ကွယ်လွန်သွားသောအချိန်တွင် မိမိသည် ဗုဒ္ဓဘာသာအား လေ့လာခဲ့ပြီး နောက်ဆုံးတွင် “ကံ ကံ၏အကျိုး” ကို ယုံကြည်ကိုးကွယ်မိကြောင်း၊ နောက်ဆုံးတွင် ငြိမ်းချမ်းမှုများရှိရာ ဤနာရေးကူညီမှု အသင်း(ရန်ကုန်)အား ၀င်ရောက်၍ အများပြည်သူတို့အပေါ် ပေးဆပ်လိုစိတ်ဆန္ဒ ဖြစ်ပေါ်လာကြောင်း တို့ကို ပြောကြားသွားခဲ့သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် ဦးရဲလွင် (မဇ္စျိမလှိုင်း)နှင့် ဆောင်းဦးလှိုင်တို့ ရေးစပ်သီဆိုပေးထားသော “Share My Love” နှင့် “ပျံသန်းသွား” သီချင်းစာသားများထဲကလို ငြိမ်းချမ်းမှုကို ရှေးရှု၍ ဂီတသူရဲကောင်းများဖြင့် အများပြည်သူတို့အတွက် ကူညီဖေးမမှုများကို အတူ လက်တွဲကာ ပျံသန်းရင်း ပေးဆပ်နေပြီ ဖြစ်ပါတော့သည်။

ကိုကျော်သူ

Thursday, November 24, 2011

ဟီလာရီ ကလင်တန် ယခုလကုန် မြန်မာနိုင်ငံသို့ သွားမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သွားရောက်မည် ဖြစ်သည်။
၎င်း၏ ခရီးစဉ်သည် သမ္မတ အိုဘားမား အစိုးရအဖွဲ့၏ မြန်မာနိုင်ငံအပေါ်ထားရှိသော တိုက်ရိုက်ထိတွေ့ ဆက်ဆံရေး မူဝါဒ အ ရ သွားရောက်ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံသို့ တက်ရောက်လာသော မစ္စ ဟီလာရီ ကလင်တန်ကို နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ်(ဓာတ်ပုံ - AP)
“နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် ဒီခရီး စဉ် ဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံတို့အကြား နှစ် ၅၀ အတွင်း ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မာ့ခ်တုန်နာက ပုံမှန် သတင်းထုတ်ပြန်ရာတွင် ထည့်သွင်း ပြောကြားသည်။
မာ့ခ်တုန်နာက ဆက်လက်ပြီး“မစ္စ ကလင်တန်ဟာ အမေရိကန်က ချမှတ်ထားတဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူဝါဒနဲ့ ပတ် သက်ပြီး အမေရိကန်ရဲ့၂ လမ်းသွား ဆက်ဆံရေးကို အလေးအနက်ထားပြောဆိုမှာလည်း ဖြစ်ပါတယ်။ ပြီးတော့ မကြာသေး ခင် က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ကူညီသွားမယ်ဆိုတာလည်း ထပ်လောင်း အတည်ပြုမှာ ဖြစ်သလို နောက်ထပ် အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြော ဆိုသည်။
မစ္စ ဟီလာရီ ကလင်တန်က ခရီးစဉ်အတွင်း လူထု အခြေပြု အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမှာဖြစ်ပြီး တိုင်းပြည်တိုးတက်ရေးဆိုင်ရာ အမြင်များကို စုစည်းရယူကာ အကြံပြုသွားမည်လည်းဖြစ်သည်ဟု ဆိုသည်။
သို့သော် ယခု ခရီးစဉ်တွင် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု ရုပ် သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သမ္မတ အိမ်ဖြူတော် ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘန်ရုဒ်စ် (Ben Rhodes) က ၀ါရှင်တန် နိုင်ငံခြားသတင်းစာဆရာများ အသင်းတိုက်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ပြောကြားထားသည်။
“ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေး ဆွေးနွေးဖို့ အချိန်မတန်သေးဘူးလို့ ကျနော်ထင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီး စဉ် တစိတ်တပိုင်း အားဖြင့်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အရှိန်အဟုန် ပိုကောင်းလာအောင် လုပ်ဆောင် သွားဖို့ ဖြစ်သလို၊ ရှေ့မှာ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကို စူးစမ်းဖို့လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိတ်ဆို့မှုတွေကို အခု အချိန်မှာ ပြန်ပြီး ရုပ်သိမ်းဖို့တော့ အစီအစဉ် မရှိသေးပါဘူး”ဟုလည်း မစ္စတာ ဘန် ရုဒ်စ် က ဆိုသည်။
မစ္စ ဟီလာရီ ကလင်တန် ခရီးစဉ်တွင် ဥပဒေ အကြံပေး ချယ်ရီလ် မေးလ်စ်၊ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီးများဖြစ်ကြ သော ကာ့တ် ကမ်းဘဲလ် နှင့် မိုက်ကယ် ပို့စနာ၊ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ် မစ်ချယ်၊ မူဝါဒချမှတ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျိတ် ဆူလီဗန် တို့လည်း မစ္စ ကလင်တန်နှင့်အတူ လိုက်ပါသွား ကြမည်ဖြစ်သည်။
လွန်ခဲ့သည့်အပတ်က သမ္မတ ဘားရက်အိုဘားမား က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ကျင်းပသော အရှေ့အာရှထိပ်သီးဆွေး နွေးပွဲတွင် မစ္စ ကလင်တန်အား မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့၏ ပထမဆုံး တယ်လီဖုန်းဖြင့် စကားပြောဆိုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ မသွားရောက်မီ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအ၀င် အဆင့်မြင့် အရာရှိများ တက်ရောက်မည့် တောင်ကိုရီးယားနိုင်ငံ ဘူစန်မြို့တွင် ကျင်းပသော အကူ အညီ ပေးရေးဆိုင်ရာ ၄ ကြိမ်မြောက် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
 

NLD တည်ထောင်သူများတွင် အမျိုးသမီး ထက်ဝက်ကျော်ပါဝင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်သလို ကယားပြည်နယ်မှလွဲ၍ နယ်စုံမှပါဝင်သည်ကို တွေ့ရသည်။

၂ဝ၁ဝ ခု မတ်လ ၈ ရက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နှင့်ပင် ပါတည်ထူထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမည်ဖြစ်သော်လည်း ၂၁ ဦးရွေးထားသည့် NLD စာရင်းတွင် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦးပါဝင်ပြီး လူငယ်နှင့် သက်လတ်ပိုင်းများဖြင့် ပြောင်းလဲအားဖြည့် ထားကြောင်း ပါတီတွင်း သတင်းရပ်ကွက်က ပြောသည်။
nend1
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင် (ဓါတ်ပုံ မဇ္ဈိမ)

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် စသည့် NLD ပါတီကို စတည်ထောင်သူ သုံး ဦး၊ နောက်တိုး ဗဟို အလုပ်အမှုဆောင်ထဲမှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ အပါအဝင် ပြည်နယ်/ တိုင်း ၁၃ ခုမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ကရင်နီဟုလည်း ခေါ်ဝေါ်လေ့ရှိသော ကယားပြည်နယ် တွင် NLD ရုံးခွဲမရှိပေ။

“ကယားမရှိတဲ့အတွက် ရှမ်းကို နှစ်ယောက်လုပ်တယ်။ ရန်ကုန်အတွက်ကို ညီနောင်ပါတီက ဦးစိုးဝင်းကို ထည့်တယ်။” ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဦးစိုးဝင်းသည် ဖျက်သိမ်းခံထားရသော အမျိုးသား ဒီမိုကရေစီ ပါတီမှဖြစ်ပြီး ညီနောင်ပါတီအဖြစ် နိုင်ငံရေးသဘောတူညီချက် ရှိကြသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်များ တွေ့ဆုံကြပြီး သင့်တော်သူများအဖြစ် အပြီးသတ် ဆုံးဖြတ်ခဲ့သည့် အဆိုပါစာရင်းနှင့်အတူ ကိုယ်စားလှယ်အဖြစ် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့က ပါတီတည်ထောင်နိုင်ရေး လျှောက်ထားရန် နေပြည်တော်သို့ သွားရောက်နေသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အရ ပုဒ်မ ၃ (ခ) အရ တည်ထောင်ခွင့်ရလျှင် ယခု ၂၁ ဦး ထဲမှ ရွေးချယ်ရမည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပေးသွင်း၍ ပါတီအမည်၊ အလံနှင့် တံဆိပ်၊ နိုင်ငံရေးသဘောတရားနှင့် လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ ပါတီ တည်ထောင်လိုသူများ၏ ကိုယ်ရေးအချက်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည့် အကြောင်း ဝန်ခံချက်နှင့် အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်
သည်။

ထို့အပြင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို စည်းရုံးရမည် ဖြစ်သည်။

လက်ရှိ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့ အပြောင်းအလဲ၊ အလံ၊ တံဆိပ်တို့ကိုမူ နေပြည်တော်မှ မှတ်ပုံတင် ခွင့်ပြုပြီးနောက်မှ ပြန်လည် ရွေးချယ်ကြမည်ဟု ပါတီအကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က ပါတီဌာနချုပ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်မှ ကိုယ်စား လှယ်များက တာဝန်ယူသွားကြရန်လည်း ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ဗုဒ္ဓဘာသာ ရရှိခဲ့


ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူပေါင်း ဆောင်ရွှက် ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့ အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာရေး အဖြစ် ရွှေးချယ်ခဲ့ကြောင်း သိရှိရသည်။ ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် (၂၀၀)ကျော် ကရွှေးချယ်ခဲ့ခြင်း ဖြစ်ပြီး ပိုပြီး အံ့သြဖို့ ကောင်းသည်မှာ ပါဝင် ရွှေးချယ်ခဲ့သည့် ဘာသာရေး ခေါင်းဆောင် အများစုသည် ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက် ကျော်လွန်ပြီး ဆန္ဒမဲပေး ခဲ့ကြခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး၏ သုတေသနညွန် ကြားရေးမှူး Jonna Hult ကပြောကြားရာတွင် “ကမ္ဘာ့အမွန်မြတ်ဆုံး အကောင်းဆုံး ဘာသာတရား ဗုဒ္ဓဘာသာက ရရှိခဲ့တာ အံ့သြစရာမရှိပါဘူး၊ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာ မရှိခဲ့ပါဘူး။ တခြားဘာသာများနဲ့ မတူတာက အဲဒါပါပဲ။”

တခြားဘာသာတွေက လက်နက်တွေကို အဆင်သင့် ကိုင်ထားကြတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာသာရေး အတွတ်နဲ့ စစ်တိုက်တာကို တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။ တခြားဘာသာဝင်တွေရဲ့ အစဉ်အလာ အလေ့အထနဲ့ မတူဘဲ ဗုဒ္ဓ ဘာသာဟာ ကိုယ်ကိုယ်တိုင် ကျင့်ကြံတဲ့ တရားကိုသာ သူများတွေကို ဟောကြားခဲ့တာပါပဲလို့ ဆိုခဲ့ပါတယ်။ အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ ကျွန်တော်လည်း ကျွန်တော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိးပါတယ်။“ကိုယ့်ဘာသာကိုပဲ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကို ကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်က တည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှ မူအလင်ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်း ၄င်းအဆိုကို သဘောတူထောက်ခံခဲ့ပါတယ်။”
ဂျနီဗာမြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးနဲ့ အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကြီး၏ ပါကစ္စတန် နိုင်ငံ မူစလင်အစည်းအရုံးဆိုင်ရာ မဲပေးရေးအဖွဲဝင်တစ်ယောက်ဖြစ်တဲ့ Tal Bin Wasssd က ကျွန်တော်ဟာ အစ္စလန်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးအကြောင်းပြပြီး အမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။
တောင်အာဖရိက ဗုဒ္ဓဘာသာဝင်များ (ဓါတ်ပုံ - အင်တာနက်)
“ပြောရရင် ကျွန်တော်ရဲ့ အရင်းအနှီးဆုံး မိတ်ဆွေတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောခဲ့ပါတယ်။ Belfast မြို့မှ ကက်သလစ် ဘုန်းကြီး Ted O'Shaungh-nessy ကတော့ ကက်သလစ်သာသနာကို မြတ်နိးကိုးကွယ်ပေမယ့် လူသားတွေကို မေတ္တာဂရုဏာ ထားရန်ဟောကြားပြီး လူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒ နားလည်ပါ တယ်လို့ ပြောကြတာက စိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။ ဒါ့ကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။”
ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ရွှေးချယ်ခဲ့ခြင်းအတွက် ဆုလက်ခံရန် ဗုဒ္ဓဘာသာဝင်အားလုံးက ငြင်းပယ်ခဲ့သည်ဟု သိရှိရပါသည်။ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက
“ပြောကြားရာတွင် မိမိတို့ဘာသာကို အသိအမှတ်ပြုခဲ့သည်အတွတ် ၀မ်းမြောက်ကျေးဇူးတင်ကြောင်း ဒါပေမယ့် ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မူနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာ ရရှိနိုင်သည့် လူသားအားလုံးကို မိမိတို့မျှဝေ ပေးအပ်ပါကြောင်း မိန့်ကြားခဲ့သည်။

အမျိုးသားလွှတ်တော် ကြံ့ဖွံ့အမတ် ဦးခင်ရွှေရတဲ့ ဒေါက်တာဘွဲ့ အတုဖြစ်နေ

E-mail Print PDF

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကြီးပွားချမ်းသာလာခြင်းဟာ စစ်အစိုးရက သူကောင်းပြုတဲ့ စီမံကိန်းတွေနဲ့ ခေတ်ပျက်သူဌေးဖြစ်ပြီး ချမ်းသာလာသူ ဖြစ်ပါတယ်။
နအဖ န၀တ စစ်အစိုးရ အဆက်ဆက် ကျေးဇူးကြောင့် ချမ်းသာလာတဲ့ ဦးခင်ရွှေကို စစ်အစိုးရကလည်း ထိုက်ထိုက်တန်တန် အသုံးချခဲ့ပါတယ်။
၁၉၉၇ ခုနှစ် အမေရိကန်ဆန်ရှင်ခေါ် စီးပွားရေး ပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရ အလူးအလဲ ခံနေရချိန်မှာ အမေရိကန်စီးပွားရေး ပိတ်ဆို့မှုပြန်ဖွင့်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာပြန်တင်နိုင်ရေးအတွက် အမေရိကန် Public Relations ကုမ္ပဏီတွေကို ဇေကမ္ဘာကုမ္ဗဏီပိုင်ရှင် ဦးခင်ရွှေကတဆင့် ငှားရမ်းခဲ့ပါတယ်။
၁၉၉၀ ပြည့်နှစ်အစောပိုင်းကစပြီး Jafferson Waterman International ဆိုတဲ့ ကုမ္ပဏီကို တနှစ် အမေရိကန်ဒေါ်လာ ၄ သိန်းနဲ့ စစ်အစိုးရက ငှားပီး လော်ဘီလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက်မတော့ Bain & Associates ကုမ္ပဏီကို တနှစ် ဒေါ်လာ ၂ သိန်းခွဲကျော်ပေးပီး ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ ကတဆင့် ငှားခဲ့ပါတယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။
ဒီနောက် Atlantic Group ကုမ္ပဏီကို ဒေါ်လာအမြောက်အများပေးငှားပေမဲ့လဲ စစ်အစိုးရ သိက္ခာတက်မလာခဲ့ပါဘူး။ ဒိနောက် ၂၀၀၂ ခုမှာ DCI Group ဆိုတဲ့ အမေရိကန် ကုမ္ဗဏီကို ရှစ်လတွက် ဒေါ်လာ ၃ သိန်းခွဲနဲ့ ငှားခဲ့ပေမဲ့ နောက်ဆုံး ဒီကုမ္ပဏီနဲ့လည်း စစ်အစိုးရ ခွာပြဲခဲ့ပါတယ်။
ဒီအခြေအနေတွေကိုကြည့်ရင် ဦးခင်ရွှေဟာ စစ်အစိုးရလက်ထက်ကထဲက ဘယ်လောက် အတိုင်အတာထိ အရေးပါနေသလဲ သိသာပါတယ်။
အမေရိကန် ဆန်ရှင်ပြန်ဖွင့်နိုင်ရေး၊ နိုင်ငံတကာမှာ စစ်အစိုးရ သိက္ခာတက်လာရေး စီမံကိန်းကို တချိန်က OSS ထောက်လှမ်းရေး စစ်ဗိုလ်တွေလုပ်ခဲ့တာမို့ ဦးခင်ရွှေဟာ ထောက်လှမ်းရေးအဖွဲ့က လက်ရင်းထား အားကိုးခံခဲ့ရသူ လုပ်ငန်းရှင်ကြီး တဦးဆိုလည်း မမှားပါဘူး။ ဒီစီမံကိန်းသာေ အာင်မြင်ခဲ့ရင် ဦးခင်ရွှေဟာ ဒီထက်ပြိုပီး သူကောင်းပြုခံရမှာ ဧကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစီမံကိန်းကို အနောက်နိုင်ငံ စာနယ်ဇင်းတွေက ဖော်ထုတ်ခဲ့တဲ့အတွက် ဦးခင်ရွှေပါ စစ်အစိုးရနဲ့အတူ ရောပြီး သိက္ခာကျခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က ဦးခင်ရွှေကို သုံးပြီး အမေရိကန်ကို လိမ်ဖို့ ထောက်လှမ်းရေးအဖွဲ့က ကြိုးစားခဲ့တာတွေကို အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်ရသွားတဲ့ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူး အောင်လင်းထွဋ်ကလည်း ခုထိ ဖော်ထုတ်ခြင်း မပြုဘဲ ငြိမ်နေပါတယ်။
ဦးခင်ရွှေ ဒေါက်တာဘွဲ့အတု ဘယ်လိုရသလဲ
စစ်အစိုးရဟာ တဘက်က ဦးခင်ရွှေကို အသုံးချပီး အမေရိကန် PR ကုမ္ဗဏီတွေနဲ့ သိက္ခာတက်အောင် ကြိုးစားနေချိန်မှာ တဘက်ကလည်း ဦးခင်ရွှေကို ဒေါက်တာဘွဲ့တစ်ခု ရအောင် ဖန်တီးပေးပီး PR ကမ်ပိန်း အရှိန်ရအောင် ကြိုးစားခဲ့တာဖြစ်တယ်လို့ ဦးခင်ရွှေရတာ ဒေါက်တာဘွဲ့အတုဖြစ်ကြောင်း ဖော်ထုတ်ခဲ့တဲ့ အမေရိကန်တွေဘက်က မြင်ပါတယ်။
ဦးခင်ရွှေဟာ စစ်အစိုးရ သိက္ခာတက်ရေးအတွက် Bain & Associates ကုမ္ပဏီနဲ့ အလုပ်များနေတုံးမှာ ဦးခင်ရွှေကို အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်က ပေးအပ်တဲ့ Business Administration ဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်တဲ့အခမ်းအနားလုပ်တဲ့အကြောင်း စစ်အစိုးရသတင်းကို ကိုးကားပြီး အမေရိကန် Washington Post သတင်းစာက ဖော်ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံက ကောလိပ် တက္ကသိုလ်တွေကို ပိတ်ထားတာ တနှစ်ကျော်နေတဲ့အချိန်မှာ စစ်အစိုးရက ဦးခင်ရွှေသတင်းကို ထုတ်ပြန်လိုက်လို့ ပြည်ပရောက် ဒီမိုကရေစီရေး မြန်မာအတိုက်အခံတွေလဲ အံ့အားတသင့် ဖြစ်ကုန်ပါတယ်။
စစ်အစိုးရ သတင်းစာတွေအရဆိုရင် ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့အခမ်းအနားမှာ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ရဲ့ ကမကထနဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal နဲ့ ၀ါရှင်တန် တက္ကသိုလ် ဂုဏ်ထူးဆောင် သုတေသန ကော်မီတီ ဥက္ကဌ ဒေါက်တာ Jom Lim တို့ကနေ ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။
တကယ်တော့ ဦးခင်ရွှေဟာ စစ်တပ်ကနေ တပ်ကြပ်ကြီးအဆင့်က အငြိမ်းစားယူခဲ့သူဖြစ်ပီး အတန်းပညာ အထက်တန်းတောင် မအောင်ခဲ့ဘူးလို့ အမေရိကန် သတင်းစာတွေက ရေးပါတယ်။
မှောင်ခို ဒေါက်တာဘွဲ့အတုဆိုတာ ဖော်ထုတ်နိုင်ပြီ
ဦးခင်ရွှေရဲ့ ဒေါက်တာဘွဲနောက်ကြောင်းကို အမေရိကန် တက်ကြွလှုပ်ရှားသူတွေက စုံစမ်းဖော်ထုတ်ရာမှာ-
၁။ ဦးခင်ရွှေကို ဒေါက်တာဘွဲ့ပေးတဲ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်တက္ကသိုလ်ဆိုတာ အသိအမှတ်ပြုခံထားရတဲ့ တက္ကသိုလ်မဟုတ်ဘဲ ဟာဝိုင်အီကျွန်းမှာ မှတ်ပုံတင်ထားပီး ပင်ဆယ်ဗေးနီးယားပြည်နယ် Bryn Mawr မှာ စာတိုက်သေတ္တာနံပတ်တခုနဲ့ ဘွဲ့တွေ ရောင်းစားနေတဲ့ တက္ကသိုလ်အတု ဖြစ်နေတာ တွေ့ရပါတယ်။ ဒေါက်တာဘွဲ့တခုကို အမေရိကန်ဒေါ်လာ ၃၆၀၀ ကနေ ဒေါ်လာ ၆၀၀၀ ကြားဈေးနဲ့ မှောင်ခိုရောင်းနေတဲ့ တက္ကသိုလ်အမည်ခံ မှောင်ခိုလုပ်ငန်းတခုသာ ဖြစ်ပါတယ်။
၂။ ဒါပေမဲ့ ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့အတုရောင်းတဲ့ တကယ်မရှိတဲ့ နာမယ်တူ ၀ါရှင်တန်တက္ကသိုလ်ရဲ့ သတင်းကြောင့် အမေရိကန်နိုင်ငံ St. Louis မှာတကယ်ရှိတဲ့ ၀ါရှင်တန်တက္ကသိုလ်က ကြားကနေ အချောင် နာမယ်ပျက်သွားပါတယ်။ ဒီမှာတင် အမှန်တကယ် တည်ရှိတဲ့ St. Louis ၀ါရှင်တန်တက္ကသိုလ်က ဦးခင်ရွှေ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရတယ်ဆိုတဲ့ စစ်အစိုးရသတင်းဟာ မှားယွင်းကြောင်းနဲ့ အထင်လွဲစရာတွေ ဖြစ်ကုန်ကြောင်းကြေငြာချက်ထုတ်ပြန်ြပီး တရားစွဲဖို့ ပြင်ဆင်ခဲ့ပါတယ်။
(ပင်ဆယ်ဗေးနီးယား အခြေစိုက် စီးပွားဖြစ်လုပ်စားနေတဲ့ ၀ါရှင်တန်တက္ကသိုလ်အတုကို St. Louis ၀ါရှင်တန်တက္ကသိုလ် အစစ်ကနေ ဦးခင်ရွှေကို ပေးတဲ့ဘွဲ့ကိစ္စနဲ့ ပတ်သက်ပြီး Federal District တရားရုံးကနေ တရားစွဲခဲ့ရာမှာ နောက်ဆုံး တရားရုံးပြင်ပမှာ ကျေအေးခဲ့ပါတယ်။ ဒါပေမဲ့ စာတိုက်ပုံးတစ်လုံးနဲ့ မှောင်ခို ဒေါက်တာဘွဲ့တွေ ရောင်းစားနေသူတွေအနေနဲ့ တရားရုံးဆုံးဖြတ်ချက်အရ နောက်နောင် ၀ါရှင်တန်တက္ကသိုလ်အစစ်နဲ့ တခြားအမေရိကန်တက္ကသိုလ်တွေရဲ့ အမည်သုံးပြီ်း စီးပွားမလုပ်နိုင်အောင် ဟန့်တားနိုင်ခဲ့ပါတယ်)။
၃။ ဦးခင်ရွှေကို မှောင်ခိုဒေါက်တာဘွဲအတုပေးတဲ့ အမေရိကန်ပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဆိုတာ စင်္ကာပူနိုင်ငံမှာသာ အခြေစိုက်တဲ့အဖွဲ့ဖြစ်နေတာ တွေ့ရပါတယ်။
၎။ စစ်အစိုးရသတင်းစာပါ ဦးခင်ရွှေကို ဒေါက်တာဘွဲ့အတုပေးတဲ့ ၀ါရှင်တန် တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Carey Rosenthal ဆိုတာလဲ အမေရိကန်နိုင်ငံ Philadelphia မှာရှိတဲ့ Drexell တက္ကသိုလ်က ဓါတုဗေဒ ပါမောက္ခဖြစ်နေတာ တွေ့ရပြီး ဦးခင်ရွှေဘွဲ့ပေးဖို့ သူမြန်မာနိုင်ငံသွားတဲ့စရိတ်ကို ဦးခင်ရွှေကပဲ စိုက်ထုတ်ကျခံတယ်လို့ သိရပါတယ်။
၅။ တကယ်တော့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ဆိုတာ ဘွဲ ဒီဂရီ ပေးခွင့်မရှိတဲ့ အဖွဲ့အစည်းတခုက ပေးတဲ့ မှောင်ခိုဒေါက်တာဘွဲ့အတုသာဖြစ်ပီး ဒေါက်တာဘွဲပေးတဲ့ ဖြစ်စဉ်တခုလုံးရဲ့ ကုန်ကျစရိတ်တွေကို ဦးခင်ရွှေကဘဲ အကုန်အကျခံတာ ပေါ်လွင်နေတယ်လို့ ကိုလံဘီယာတက္ကသိုလ် နိုင်ငံတကာရေးရာ ပါမောက္ခ Tom Lansner ကပြောပါတယ်။
ခုလို ဦးခင်ရွှေကို မှောင်ခို ဒေါက်တာဘွဲ့ အတုရအောင် စစ်အစိုးရက ဘာကြောင့် လုပ်ပေးရသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့တွေပေးတာ မနာလိုတဲ့အတွက် ဖြစ်နိုင်တယ်လို့ ဦးခင်ရွှေရတယ်ဆိုတဲ့ ဒေါက်တာဘွဲ့ နောက်ကြောင်းကို ဖော်ထုတ်သူ အမေရိကန် တက်ကြွလှုပ်ရှားသူတွေက မှတ်ချက်ချပါတယ်။
နိဂုံး
ဦးခင်ရွှေဟာ စစ်အစိုးရအကျိုးစီးပွားကို နာမယ်ပျက်ခံ ဆောင်ကျဉ်းပေးခဲ့သူဖြစ်တဲ့အတွက် ကနေ့ အမျိုးသားလွှတ်တော်မှာ ကြံ့ဖွံ့အမတ်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထိ ဦးသိန်းစိန်အစိုးရက ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရ ဒါမှမဟုတ် ဦးသိန်းစိန်အစိုးရဟာ ဦးခင်ရွှေနဲ့ အကျိုးတူဖြစ်နေတာမို့ ဒီလို သိက္ခာမဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကို အခြေခံဥပဒေ ၂၀၀၈ အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ရပ်ဆိုင်းပေးပါရန် (recall) မဲဆန္ဒရှင်တွေက စုပေါင်းလက်မှတ်ထိုးပြီး ရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုခွင့်ရှိပါတယ်။
ဂျက်ဖရီ ဆန်းမောင် စုဆောင်းတင်ပြသည်။
ဝါရှင်တန်တက္ကသိုလ်မှ ဦးခင်ရွှေအား မည်သည့်အခါကမျှ မည်သည့်ဘွဲ့မျိုး မပေးအပ်ခဲ့ကြောင်း ထုတ်ပြန်

Wednesday, November 23, 2011

ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စားမှုပုံစံ မြန်မာအမျိုးသမီးများ အပေါ်လွှမ်းမိုးမှုရှိ

အမျိုးသား ခေါင်းဆောင်ကြီး၏ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စား ဆင်ယင်မှု ပုံစံကို သဘောကျ နှစ်သက် ကြသူများတွင် ၄င်းနှင့် ရွယ်တူ အမျိုးသမီးများ သာမက လူငယ် အမျိုးသမီးများပင် ပါဝင်ကြောင်း သိရသည်။ "အမေစုက ဘယ်အချိန် မြင်ရမြင်ရ မြန်မာဆန်ဆန်ပဲ ဝတ်စား ဆင်ယင်တယ်။ ကျက်သရေရှိအောင် ဝတ်တတ်တယ်။ အရမ်း စမတ်ကျတယ်" ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် စီးပွားရေးပညာ မဟာတန်း တက်ရောက်နေသူ မသီသီလွင်က ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အရင်တုန်းက လန်ဒန် တက္ကသိုလ် မှာလည်း ကျောင်းသွားတက် ဖူးတယ်လို့သိရပါတယ်။ နောက် နိုင်ငံခြားသားနဲ့ အိမ်ထောင် ကျခဲ့တာတောင်မှ သူဟာ မြန်မာတစ်ဦးဆိုတဲ့ စိတ်၊ မြန်မာပြည်ကို ချစ်တဲ့စိတ်အမြဲတမ်း ရှိနေတယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူနိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့ အချိန်တွေမှာရော၊ အိမ်ထောင်ကျတဲ့ အခါတွေမှာရော အရင်တုန်းကဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ရင် မြန်မာအဝတ်အစားနဲ့ပဲ တွေ့ရတယ်။ ဂုဏ်ယူစရာလည်း ကောင်းတယ် ဟု ၄င်းကဆိုသည်။ အချို့သူများက ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော အင်္ကျီဒီဇိုင်းများ အတိုင်း လိုက်ချုပ်ကြသည်အထိ ရှိသည်ဟု သိရသည်။ အခုနောက်ပိုင်း လိုက်ပြီးချုပ်ကြတာကတော့ ဒေါ်စုဝတ်သလို အရောင်ပြောင်နဲ့ လက်ရှည်ရင်ဖုံးမှာအပေါ်ထောင့်ကြယ်သီးနေရာမှာ ပန်းထည့်ကြတဲ့ပုံ အချုပ်များတယ်။ ရင်စေပုံတော့သိပ်မချုပ်ကြဘူး။ ဒီဇိုင်း ကရိုးရိုးယဉ်ယဉ်လေးပဲလေ။ အသက်၃၀ အရွယ်တွေရော၊နောက်၅၀ကျော်တွေရော အရွယ်မျိုးစုံပါပဲ။ လာအပ်ကြတာ။ ကျွန်မတို့ငယ်ငယ်တုန်းက လည်း (၁၉၉၀ ကျော်နောက်ပိုင်းမှာ) ဒေါ်စုအဆင်ဆိုပြီး သိုးမွေးအင်္ကျီိုကို ရောင်စုံချိတ်လိုးပုံစံထိုးပြီးဝတ်ဆင်ကြတာ ကြုံဖူးသေးတယ်။ ဟု စမ်းချောင်းမြို့''ဝင်း"စက်ချုပ်ဆိုင်မှ ဒေါ်တင်ခိုင် ကပြောကြားပါသည်။ မြန်မာဆန်စွာ ဝတ်ဆင်သည့် အပြင် ကတ္ထီပါပုံတော် ဖိနပ်သာစီးပြီး ပန်းပန်လေ့ရှိသဖြင့် မြန်မာအမျိုးသမီးတစ်ဦး၏ ကျက်သရေရှိသော ဟန်ပန် အပြည့် ရှိသည်ဟု ဂျာနယ်တစ်ခုတွင် ဝင်ရောက် လုပ်ကိုင်နေသူ အမျိုးသမီးအယ်ဒီတာ တစ်ဦးကဆိုသည်။ "ဒေါ်စု ဝတ်တာက ဘာမှ ဆန်းဆန်းပြားပြားကြီးတွေ မပါဘူး။ ဒါပေမယ့်ပြည်သူက ချစ်တဲ့စိတ်ကြောင့် သူဝတ်ပုံစားပုံတွေ နေထိုင်ပုံတွေက ပြည်သူတွေအပေါ် လွှမ်းမိုးမှုရှိတာပါ "။ -မန္တလေးအလင်း သတင်းဂျာနယ်မှပြန်လည်ဝေမျှသည်။








Sunday, November 20, 2011

လွှတ်ပေးမယ် ပြောပြန်ပြီ


နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က ဆုံးဖြတ်ထားကြောင်း သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ပြောတယ်လို့ ကျိုဒိုသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

“အကျဉ်းသားတွေ လွှတ်ဖို့က သမ္မတကြီး စိတ်ထဲမှာ ရှိပြီးသားပါ” လို့ အင်ဒိုနီးရှားမှာ ကျင်းပနေတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲအတွင်း ဦးကိုကိုလှိုင်က ပြောလိုက်တာပါ။

အနှေးနဲ့ အမြန် လွှတ်ပေးတော့မှာပါလို့လည်း ဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတဦးသိန်းစိန်က လွှတ်ပေးလိုက်သူတွေဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေမဟုတ်ဘူး၊ ဥပဒေချိုးဖောက်လို့ ဖမ်းဆီးခံရသူတွေလို့ ဘူးခံနေပြန်ပါတယ်။

တလောက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ထောင်ပြောင်းဖို့ အစိုးရရဲ့ လူ့အခွင့်အရေးကော်မရှင်က သတင်းစာထဲ ထည့်ပြီးနောက် ဘယ်သူမှတော့ လွတ်မလာသေးဘဲ တချို့ကို ထောင်ပြောင်းတာလောက်ပဲ မြင်ရပါသေးတယ်။

နောပြီး အစိုးရက ထုတ်ပြောတဲ့ အကျဉ်းသားအရေအတွက်၊ NLD က ပြောတဲ့ အရေအတွက်တွေက ထိုင်းအခြေစိုက် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောတဲ့ အရေအတွက် ကိန်းဂဏန်းတွေနဲ့ ကွာဟနေပါသေးတယ်။

Saturday, November 19, 2011

အာဏာရှင် သား သမီး များ အတွက် သင်ခန်းစာ

ပြေးစရာလမ်း ဆုံး သွားပြီ ဖြစ်တဲ့ လစ်ဗျား အာဏာရှင်ဟောင်း ကဒါဖီရဲ့သား အကြီးဆုံး ဆေ့ဖာ အယ်လ် အစ္စလာမ် (Seif al-Islam) ကို  လစ်ဗျားနိုင်ငံ တောင်ပိုင်း ဆပ်ဟ  ( Sabha )   မြို့  နှင့် အနောက် တောင်ပိုင်း အိုဘရီ (Obari) အိုအေစစ် မြို့ ငယ် အကြား သဲကန္တာရ မှာ ဒဏ်ရာ အနည်းငယ်နဲ့ အရှင်ဖမ်းမိသွားပါပြီ။ 

သူဟာ လစ်ဗျား နိုင်ငံ မှာ နိုင်ငံရေး  ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အခွင့် အခါ၊ အခွင့်အာဏာ ရရှိခဲ့တဲ့သူဖြစ်တယ်။ ပြည်သူ ကို ကြွက်လို့ စွပ်စွဲပြီး၊ ကိုယ်တိုင် ကြွက် တကောင် လို တွင်း ထဲ ကနေ  အဖမ်းခံခဲ့ရတဲ့ ဖခင် အာဏာရှင်ကြီး ကဒါဖီ ကို  အာဏာစွန့်လွှတ်ဖို့၊ စစ်မှန်တဲ့  နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အနီးကပ် ဖျောင်းဖျ တိုက်တွန်းပေးနိုင်မည့် သူ လို့ အများ က ခန့်မှန်းခဲ့ကြတယ်။
 သူ ….ဒါတွေ ကို  အချိန်မှီ မလုပ်ခဲ့ဘူး။ သူ့ရဲ့ နောင်ရေး အတွက် သူရဲ့  မိဘ  အာဏာရှင်ကြီး ကို အာဏာစွန့်လွှတ်ဖို့ မတိုက်တွန်းခဲ့ဘူး။  
အာဏာ ရှင် သား သမီး တွေတိုင်း အတွက် သင်ခန်းစာ ပါ။  မြန်မာနိုင်ငံမှာ လည်း သား သမီးတွေ ဟာ မိမိတို့ ရဲ့ မိဘတွေ တိုင်းမှူး၊ တပ်မ မှူး၊ ၀န်ကြီး၊ ဗိုလ်ချုပ်ကြီးတွေ ၊ အမတ်တွေ၊ မြို့တော်ဝန်တွေ ဆိုပြီး ရာထူး တွေ ရလာကြပြီဆိုရင် လူတွေ၊ ပြည်သူတွေ ရဲ့ ဘ၀တွေ၊ တိုင်းပြည် ရဲ့ ဘဏ္ဍာတွေ ကို မိဘ ရာထူးအားကိုးနဲ့ စော်ကားမှုတွေ၊ အနိုင်ကျင့်မှုတွေ ကို ပြုလုပ်လေ့ရှိကြတယ်။ လူတွေ က သူတို့ ကို လက်ရုံးရည် အရ ကြောက်ရွံ့ ကြလို့ မဟုတ်ဘူး။ ရွံလို့ မပက်သက်ချင်ကြလို့ ။ မိသားစု တွေရဲ့ ဘ၀ တွေ ပျက်ဆီးသွားမှာ ဆိုးလို့ သည်းခံနေကြတာ ကို အခွင့်ကောင်းယူလေ့ ရှိကြတယ်။ ဒီလို စော်ကား အနိုင်ကျင့်မှုတွေဟာ တပ်ထဲ မှာကော၊ အရပ်ထဲမှာ ပါ ဖြစ်လေ့ ရှိတဲ့ အလေ့အထပါ။

တိုင်းပြည် မှာ ငယ်တဲ့ ပြဿနာ တွေ ကြီးထွားလာစေမှု တချို့ မှာ အာဏာရှင် သား သမီးတွေ မှာ အများကြီးတာဝန်ရှိတယ်။ တိုင်းပြည် ပြဿနာတွေ ရှုပ်ထွေးလာ အောင် လဲ သွေးထိုး ဖန်တီးလှုံ့ဆော်မှုတွေ မှာလည်း အာဏာရှင် သား သမီးတွေ အဓိက ပါတယ်။ မြန်မာ နိုင်ငံ မှာ လာဘ်ပေး၊ လာဘ်ယူ မှု နဲ့ အာဏာ အလွှဲသုံးစား လုပ်နေမှုတွေ မှာ လည်း ဒီ အာဏာရှင်တွေရဲ့ သား သမီး တွေ ပဲ ဖြစ်တယ်။ တိုင်းပြည် ကို လိုင်စင်ရ ရောင်းစားနေမှု မှာ လည်း ဒီ ၀န်ကြီးဆိုသူတွေ၊ ဗိုလ်ချုပ်ကြီး ဆိုသူတွေ၊ အာဏာရှင် ဆိုသူတွေရဲ့ သား သမီးတွေ ပဲ ဖြစ်တယ်။ စီပွားရေး အလုပ်အကိုင်မရှိ၊ ပညာရေး ညံ့ဖျင်းပေမဲ့ ၊ သန်းချီကြွယ်ဝနေသူတွေ စာရင်း ထဲမှာ လည်း ဒီ အဏာရှင်တွေ ရဲ့ သား သမီးတွေ ပါတာပဲ။

အာဏာရှင် သား သမီး တွေ ရဲ့ ကြွယ်ဝချမ်းသာမှုတွေ၊ အကျင့်ပျက်ချစားမှု တွေ ကို ဥပဒေ နဲ့ ထင်သာမြင်သာရှိရှိ မကိုင်တွယ်နိုင်သ၍ မြန်မာ နိုင်ငံ မှာ အကျင့်ပျက်ချစားမှု တွေ ကို တိုက်ဖျက်နိုင်မှာ မဟုတ်ဘူး။


တချို့ မိဘ သြဇာ အာဏာ နဲ့ လုံးဝ မပက်သက်ပဲ ရိုးရိုးသားသား နေထိုင်သူတွေ လည်းရှိကြပါတယ်။
သား သမီးတွေရဲ့ အကျင့်ဆိုးတွေကြောင့် ဖြုတ်ချ ခံ၊ လမ်းဘေးရောက် ခဲ့ရတဲ့ အာဏာရှင်တွေ က လည်း ကမ္ဘာ မှာ ဒုနဲ့ဒေး။

ဒီလို မိဘ အရှိန်၊ သြဇာ အာဏာနဲ့ ပြည်သူတွေကို အနိုင်ကျင့်ခဲ့မှုတွေ မှာ မြန်မာနိုင်ငံရှိ စစ်အစိုးရ သားသမီးတွေ၊ လက်နက် ကိုင် အတိုက်အခံ ခေါင်းဆောင် အာဏာရှင် တွေရဲ့ သား သမီးတွေလဲ ပါ ပါတယ်။


လစ်ဗျား အာဏာ ရှင် ကဒါဗီ ရဲ့ မိသားစု ၊ သား သမီး တွေရဲ့ နောက်ဆုံး ဇတ်သိမ်းခန်း ကို ခင်ဗျား တို့ ကောင်းကောင်း သင်ခန်းစာ ယူကြပါလို့ ပဲ ပြောချင်တယ်။ 

Friday, November 18, 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်

အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားက  မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို တွန်းအားပေးရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်ရေး အခြေအနေများကို လေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံသို့ မကြာမီ စေလွှတ်မည်ဟု ယနေ့ ပြောကြားလိုက်သည်။
ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦး၏ မြန်မာပြည်ခရီးစဉ်ဖြစ်လိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်စဉ် အိုဘားမားက ပြောလိုက်သည်။
ယနေ့ အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရသော မစ္စဟီလာရီ ကလင်တန် နှင့် သူ၏ မြန်မာပြည်ခရီးစဉ်ကို ထုတ်ဖော်ကြေညာနေသော သမ္မတ အိုဘားမား (ဓာတ်ပုံ - AP)
ယမန်နေ့ ညနေပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောခဲ့သည်ဟု အိုဘားမားက ဆိုသည်။
“သူကလည်း အမေရိကန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ရေး အစီအစဉ်ကို ထောက်ခံပါတယ်” ဟု အိုဘားမားက ပြောသည်။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး ထပ်မံ လုပ်ဆောင်နိုင်ခြင်း မရှိပါက ဒဏ်ခတ် ပိတ်ဆို့မှု၊ နိုင်ငံတကာ၏ ဖယ်ကြဉ်မှုတို့ကို ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ယနေ့ နှောင်းပိုင်းတွင် ပြုလုပ်မည့် အမေရိကန် နှင့် အာဆီယံခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ဤအကြောင်းအရာကို အလေးထား ပြောကြားမည်ဖြစ်ကြောင်း အိုဘားမားက ပြောသည်။ ထိုအစည်းအဝေးကို မြန်မာသမ္မတ ဦးသိန်းစိန်လည်း တက်ရောက်မည် ဖြစ်သည်။
မကြာသေးမီက မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်ခဲ့သော ဖြစ်ထွန်းတိုးတက်မှုများမှာ နှစ်ပေါင်းများစွာအတွင်း တွေ့မြင်ရသည့် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများဖြစ်သည်ဟုလည်း အိုဘားမားက မှတ်ချက်ပြုလိုက်သည်။
သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့ရေး သာမက မြန်မာအာဏာပိုင်တို့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒကို ကျင့်သုံးခဲ့သည်။
ထိုသို့ မူဝါဒ ပြောင်းလဲပြီး နောက်ပိုင်းကာလနှင့် မြန်မာနိုင်ငံတွင် စစ်အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲပြီးနောက်ပိုင်းတွင် နိုင်ငံခြားရေးဌာနမှ အဆင့်မြင့်အရာရှိများ၏ မြန်မာပြည်ခရီးစဉ် အများအပြား ပေါ်ပေါက်လာသည်။
ထိုအရာရှိများကလည်း ယနေ့ အိုဘားမား အင်ဒိုနီးရှားတွင် ပြောကြားသကဲ့သို့ တိုင်းရင်းသားလူမျိုးစု၊ နိုင်ငံရေးအကျဉ်းသား၊ မြောက်ကိုရီးယား-မြန်မာဆက်နွယ်မှုတို့နှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
နှစ်ဘက် တွေ့ဆုံမှုများတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အမေရိကန် ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်း ပါဝင်သည်။
မကြာမီ မြန်မာပြည်သို့ သွားရောက်မည့် ဟီလာရီ ကလင်တန်ကလည်း ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒကို အဆုံးသတ်ဦးမည်မဟုတ်ကြောင်း Fox News ရုပ်မြင်သံကြားကို ပြောကြားလိုက်သည်ဟု AP သတင်းတပုဒ်တွင် ရေးသားထားသည်။
 
 

အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်မည်၊ နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အထူးကြေညာချက် ဒီကနေ့ ထုတ်ပြန်ခဲ့သည်။
ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ပြုလုပ်နေစဉ် (ဓါတ်ပုံ - Eleven Media Group)
ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ပြုလုပ်နေစဉ် (ဓါတ်ပုံ - Eleven Media Group)
(NLD) ဗဟိုရုံးချုပ်တွင် ဒီကနေ့ မနက်ပိုင်းကပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးတွင် ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရေးကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း ချမှတ်ကြောင်း အထူးကြေညာချက်တွင် ဖော်ပြထားသည်။
အထူးကြေညာချက် အမှတ်- ၁/ ၁၁/ ၁၁ ကို ဒီကနေ့ပြုလုပ်သည့် အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်တွင် အဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစဉ်တစိုက်ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း အဖွဲ့ချုပ်၏မူများဖြစ်သော အဃာတကင်းစင်သော အထွေထွေသဟဇာတဖြစ်မှုကို ရှေးရှုရေး၊ ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးချရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း စွဲကိုင်လျက်ရှိကြောင်း အစချီဖော်ပြသည်။
ဒီကနေ့ကျင်းပသည့် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအဖွင့်မိန့်ခွန်းပြောကြားရတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ဆိုလို့ရှိရင် ကျမတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချရမှာဖြစ်ကြောင်းနဲ့ ဒီလိုဆုံးဖြတ်ချက်မျိုး အရင်နှစ်ခေါက် ချဘူးကြောင်း၊ အဲဒီနှစ်ကြိမ်စလုံး သူမ မပါဝင်ခဲ့ရဘဲ သုံးကြိမ်မှာ ပထမဦးဆုံးပါဝင်ခဲ့ကြောင်း အစချီကာ “အရင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အများရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။ ကျမသဘောတူတာ မတူတာဟာ အဓိက မဟုတ်ပါဘူး။ ကျမရဲ့ ဆန္ဒတွေလည်းရှိပါတယ် ကျမရဲ့အမြင်တွေလည်းရှိပါတယ် ဒါပေမယ့် နောက်ဆုံးတော့ ဒီမိုကရေစီနည်းအရ အများရဲ့ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်ပါတယ်။ ကျမက အများရဲ့ဆုံးဖြတ်ချက်ကို လက်ခံတယ်ဆိုတာဟာ မည်ကာမတ္တ လက်ခံတာကိုပြောတာ မဟုတ်ပါဘူး။ တကယ်ပဲ လက်ခံတယ်ဆိုရင် စိတ်ရောကိုယ်ပါ လုပ်ရပါလိမ့်မယ် ဆုံးဖြတ်ချက်မချခင်မှာ ကိုယ့်ရဲ့အမြင်ကို တင်ပြချင်သလို တင်ပြလို့ရတယ်။ကိုယ်သဘောတူတာ မတူတာကို ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချပြီးပြီဆိုလို့ရှိရင် အဲဒီချမှတ်တဲ့ ဆုံးဖြတ်ချက်အတိုင်း စိတ်ရောကိုယ်ပါ လိုက်ပြီးလုပ်ပေးရမှာက ဒါဟာ ဒီမိုကရေစီတာဝန်တခု ဖြစ်တယ်ဆိုတာကို ကျမအားလုံးကို နားလည်စေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးကိုတက်ရောက်လာသည့် ဗဟိုဦးစီးအဖွဲ့ဝင်များကို တနိုင်ငံလုံးအတွက် စဉ်းစားပြီး ဆုံးဖြတ်ချက်ချဖို့လည်း “မှန်ကန်တဲ့လမ်းလို့ မြင်တဲ့ လမ်းကိုလျှောက်ဖို့ ပြင်ဆင်ကြပါ။ ကျမတို့ ဒီမှာ ပြောတဲ့အခါမှာ ကိုယ်တဦးတယောက်အတွက် မဟုတ်၊ ကိုယ့်ရဲ့ အုပ်စုလေးအတွက် မဟုတ်၊ ကိုယ့်မြို့နယ်အတွက်မဟုတ် ကိုယ့်တိုင်းအတွက် ကိုယ့်ပြည်နယ်အတွက် မဟုတ်ဘဲနဲ့ ကျမတို့ တနိုင်ငံလုံးအတွက် စဉ်းစားပြီးတော့ ဆုံးဖြတ်ချက်ချကြပါလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောကြားသည်။
ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ရန်ကုန်၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးချုပ်တွင် မနက် (၁၀)နာရီ က စတင်ခဲ့ပြီး နေ့လည်ပိုင်းတွင် ပါတီမှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်ရေးအတွက် ပြည်နယ်နှင့်တိုင်း (၁၄)ခုမှ ဗဟိုဦးစီးအဖွဲ့ဝင်များ ညီနောင်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီပါတီနှင့် အဖွဲ့ချုပ်ဗဟို အမျိုးသမီးလုပ်ငန်းအဖွဲ့တို့မှ ဗဟိုဦးစီးအဖွဲ့ဝင်များ လူငယ်လုပ်ငန်းများဖော်ဆောင်ရေးမှ ကိုယ်စားလှယ်များ တက်ရောက်ခွင့်ရှိသူ (၁၁၆)ဦးအနက် (၁၀၆) ဦး တက်ရောက်ခဲ့ကြောင်း အထူးကြေညာချက်တွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများဖော်ဆောင်ရေးအဖွဲ့ချုပ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြန်လည်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် သဘောထား ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အများသဘောတူ ဆုံးဖြတ်..

ယနေ့ အမေစု အဖွဲ့ချုပ်သို့ ရောက်ရှိလာသည့် မြင်ကွင်း (AP)
ယနေ့ ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်နှင့်တိုင်း CECနှင့် CC အစည်းအဝေးမှ ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် အများသဘောတူ ဆုံးဖြတ်လိုက်ကြောင်း သိရှိရပါသည်...။

Thursday, November 17, 2011

မြန်မာ့ ပညာရေးစနစ် ကောင်းမွန်စေဖို့ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

2011-11-17
မိမိတို့နိုင်ငံမှာ ကျောင်းသူ ကျောင်းသားတွေကော မိဘတွေ ပါ စိတ်ချမ်းသာစေတဲ့ ပညာရေး စနစ်ကောင်းတစ်ခု ဖြစ်ပေါ်စေလိုတဲ့ ဆန္ဒရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က လှိုင်သာယာမြို့နယ် အမေ့အိမ် အခမဲ့ ပညာဒါန စာသင်ကျောင်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့စဉ် ပြည်သူလူထု နှစ်ထောင်ကျော်ကို အမှာစကား ပြောကြားနေသည့် မြင်ကွင်း ဖြစ်ပါသည်။
“အခု အချိန်မှာ တစ်တိုင်းပြည်လုံးအတွက် မလုပ်နိုင်ပေမဲ့ ကျမတို့ တနိုင်တပိုင် လုပ်နေတာပါ။ ဒါကြောင့်မို့ တနိုင်တပိုင်လုပ်နေတဲ့ အချိန်မှာ အားပေးတဲ့ လူတွေဟာ ကျမတို့ရဲ့ တကယ့် အင်အားတွေ ဖြစ်ပါတယ်” ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့  နိုဝင်ဘာလ၁၇ ရက်နေ့ နံနက် ဆယ်နာရီခန့်က မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန ဝန်ကြီး Mr. Andrew John Bower Mitchell နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Andrew Heyn တို့ကို လှိုင်သာယာမြို့နယ်က အမေ့အိမ် အခမဲ့ ပညာဒါန စာသင်ကျောင်းကို သွားရောက် ပြသစဉ် ပြည်သူလူထု နှစ်ထောင်ကျော်ကို အမှာစကား ပြောကြားရာမှာ အခုလို ပြောဆိုတာ ဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသား များအနေနဲ့ ငယ်ရွယ်စဉ်ကတည်းက နိုင်ငံရေးကို အထိုက်အလျောက် နားလည် သင့်တယ်လို့လည်း ဆိုပါတယ်။ နိုင်ငံကောင်းစားဖို့ ပြည်သူတွေကို အရေအတွက်တင်မက အရည်အချင်းပါ တိုးတက်စေလိုပြီး ပညာရေးနဲ့ စရမှာလို့ ခံယူတဲ့ အတွက်အခုလို ကျောင်းများ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းလည်း ရှင်လင်းပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု ဆင်းရဲမွဲတေမှု ပပျောက်ရေး ကိစ္စအတွက် နို်င်ငံခြားက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးနေတဲ့အကြောင်း ပြောဆိုခဲ့သလို အခုလည်း ဗြိတိသျှ ဖွံ့ဖြိုးရေးဝန်ကြီးကို ဘယ်လို အကူအညီတွေ ပေးနိုင်တယ်ဆိုတာ သိရှိအောင် လာရောက် ပြသခြင်း ဖြစ်ကြောင်း ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမေ့အိမ်ပညာရေးကျောင်းကို ရောက်ရှိလာရာမှာ ရန်ကုန်တိုင်း NLD အဖွဲ့ ဝင်တွေနဲ့ ပြည်သူလူထုက လှိုက်လှိုက်လဲလဲ ကြိုဆိုခဲ့ကြပါတယ်။ ကျောင်းသူ ကျောင်းသားတွေက ဖွားဖွားစု ကျမ်းမာပါစေလို့ ကဗျာများရွတ်ဆို ဂုဏ်ပြု နှုတ်ခွန်းဆက် ကြတယ်လို့ သိရပါတယ်။

အဖွဲ့ချုပ် လူငယ်ထုက ပါတီပြန်လည်မှတ်ပုံတင်ရန် သဘောထားထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းများဖော်ဆောင်ရေးအဖွဲ့ချုပ်က နိုဝင်ဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ခဲ့သည်။
ယခုအခါတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ဘုံသဘောတူညီချက် မှာ မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှုပပျောက်ရေးနှင့် အများပြည်သူအကျိုး ဖြစ်ထွန်းမှု စသည့်ကိစ္စများပါဝင်သည်။
အဆိုပါ ဘုံသဘောတူညီမှုကိစ္စများကို ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပြည်သူလူထုကြီးမှလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်ပြန်လည်မှတ်ပုံတင်၍ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဖော်ဆောင်ရန် သဘောထားဆန္ဒများရှိနေခြင်းတို့ကြောင့် လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ရန်၊ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် သဘောထားထုတ်ပြန်ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ရှစ်လေးလုံးအရေးတော်ပုံကြီးပြီး နောက် (က) အများပြည်သူတို့၏ ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရဖြစ်ပေါ်လာစေရန်၊ (ခ) ရည်ရွယ်ချက် (က) ကြီးကို  ဖြစ်မြောက်စေရန် အဖွဲ့ချုပ်ခေါင်း ဆောင်မှုဖြင့် ပြည်သူလူထု ညီညွတ်မှုအားကို အခြေခံ၍ စည်းကမ်းစနစ်ကျသော ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်ပေါ်စေရန်စသည့်အချက်များပါဝင်သည့် ရည်ရွယ်ချက် (၅) ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း အစချီဖော်ပြခဲ့သည်။
ထို့နောက် ပြည်ထောင်စုကော်မရှင်က ၂၀၁၀ ခုနှစ်၊ မတ်လ (၃) ရက်နေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ဥပဒေပုဒ်မ (၂၅) အရ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ ပြန်လည်လျှောက်ထားရမည်ဟု ထုတ်ပြန်ကြေညာချက်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး လူ့အခွင့်အရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို မဖော်ဆောင်နိုင်ဟု ယုံကြည်ခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်လည်မှတ်ပုံတင်ခြင်းမပြုဟု ဆုံးဖြတ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။
လက်ရှိအဖွဲ့ချုပ် ပြန်လည်မှတ်ပုံတင်ရေး မတင်ရေးကိစ္စများနှင့် တပြိုင်တည်း မြန်မာနိုင်ငံတွင်း အစိုးရသစ်လက် အောက်ခံအဖွဲ့အစည်းများမှာ ယခင်စစ်အစိုးရလက်ထက်ကအတိုင်း ဆက်ဆံရေးမပြောင်းသေးသည့် အခြေအနေကို အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်တဦးက “တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် လက်ရှိအခြေအနေက ဘာမှ မပြောင်းလဲသေးပါဘူး၊ ဘဘဦးဝင်းတင်တို့ ကျနော်တို့ နောက်ကို ရဲကလိုက်နေတုန်း၊ အဖွဲ့ချုပ်ရုံးရှေ့မှာ ထောက်လှမ်းရေးအဖွဲ့စုံက လူအ၀င်အထွက်ကို ဓါတ်ပုံရိုက်မှတ်တမ်းယူနေတုန်းဗျာ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့မှာ ကွမ်းယာဆိုင်ဖွင့်ပြီး စောင့်ကြည့်တာတွေရှိတယ် တိုင်းရင်းသားနယ်မြေတွေမှာ သေနတ်ပေါက်နေတုန်းပဲ အဲ့ဒါတွေဆက်ဖြစ်နေတော့ ဘာမှမပြောင်းလဲသေးဘူးလို့ ပြောချင်တယ်” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံပြန်လည်တင်ရေး မတင်ရေးနှင့် ပတ်သက်ပြီး မနက်ဖြန် နိုင်ဝင်ဘာ (၁၈) ရက်နေ့တွင် ဗဟိုကော်မတီအစည်းဝေးတရပ် ပြုလုပ်၍ ဆုံးဖြတ်မည်ဖြစ်သည်။

Wednesday, November 16, 2011

ထောင်ပြောင်းသတင်း...


ဒီနေ့ပဲ အောက်ပါအတိုင်း ထောင်တွေပြောင်းလိုက်ပါတယ်ဗျာ။
၁။ ဦးခွန်ထွန်းဦး (ပူတာအိုမှ တောင်ငူသို့)
၂။ မင်းကိုနိုင် (ကျိုင်းတုံမှ သရက်သို့)
၃။ သူရိန်အောင် (ကျောက်ဖြူမှ ဘားအံသို့)
၎။ ဦးညီပု (ကလေးမှ မအူပင်သို့)
၅။ ဦးစန္ဒောဘာသ (ကလေးမှ မြောင်းမြသို့)
၆။ စည်သူဇေယျ (အင်းစိန်မှ ဟင်္သာတသို့)
၇။ နီလာသိန်း (သရက်မှ သာယာဝတီသို့) ဖြစ်ပါတယ်ဗျာ။
(စိတ်ပျက်စရာပါ။)

ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲနှင့် ဆန္ဒပြ သတင်းများ ဆင်ဆာထိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲသတင်းကို စာပေစိစစ်ရေးက အကန့်အသတ်ဖြင့် ဖော်ပြခွင့်ပြုခဲ့ပြီး ယမန်နေ့က ဖြစ်ပွားခဲ့သော မန္တလေးသံဃာဆန္ဒပြပွဲ သတင်းကိုလည်း ပိတ်ပင်ကြောင်း ပြည်တွင်း သတင်းဂျာနယ် အသိုင်းအ၀ိုင်းက ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့တိုက်ရိုက် ပြောစကား တွေကို ဖြုတ်တာ”ဟု သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ တဦးက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၄ ရက်က သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်(ဓာတ်ပုံ - ဧရာဝတီ)
နိုဝင်ဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ကျင်းပသည့် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခြင်း တနှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော“တရား ဥပဒေ စိုးမိုးတဲ့နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ဆိုတာမရှိဘူး” ၊ “အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ မဖြစ်ဖို့ထက် ပြည်သူတွေရဲ့ဘ၀တွေတိုးတက်သာယာ ဖို့အရေးကြီးတယ်”  “အခုတရားရေး မဏ္ဍိုင်က သန့်ရှင်းလွတ်လပ်မှု မရှိဘူးဆိုတာ အားလုံး သိတဲ့ အတိုင်း” ဟူသည့် စကားများကို စိစစ်ရေးက ဖြုတ် ပယ် ခြင်းဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားတွင် ယမန်နေ့က သံဃာတော် ၅ပါး ဆန္ဒပြသည့်သတင်းနှင့် ရှေ့နေ ကိုဖိုးဖြူ ဦးဆောင် သော ရန်ကုန်မြို့ အိုးအိမ် ဦးစီးဌာနရှေ့တွင် အောက်တိုဘာလကုန်ပိုင်းက လယ်သမားများ ဆန္ဒပြသည့် သတင်းများကိုလည်း စိစစ်ရေးက ဂျာနယ်များတွင် ဖော်ပြခွင့်မပေးကြောင်း သတင်းထောက်များက ပြောသည်။
“ဂျာနယ်နောက်ဆက်တွဲအချပ်ပိုအနေနဲ့ မန္တလေးမှာ သံဃာတော် ၅ ပါး ဆန္ဒပြတဲ့သတင်းကို ခွင့်ပြု၊ မပြု စာပေစိစစ်ရေးကို မေး တယ်။ ခွင့်မပြုဘူး။ အရင်တုန်းကလည်း ကိုဖိုးဖြူနဲ့ လယ်သမားတွေ ဆန္ဒပြကြတဲ့သတင်းလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့ တယ်”ဟု ရန်ကုန်မြို့မှ သတင်းထောက်တဦးက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်း ပြည်သူ့ခေတ်ဂျာနယ်တွင် ရေးသည့် ခရီးသွားဆောင်းပါးအမှတ် ၃ တွင် NLD ဥပဒေ အထောက် အကူပြုအဖွဲ့အကြောင်း ထည့်သွင်းရေးသားထားသည့် အတွက် စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်ခံရသောကြောင့် ပညာရေး၊ နိုင်ငံရေး ဆောင်းပါးများ ဆက်လက်ရေးသားရန်မဖြစ်နိုင်သေးကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
စီးပွားရေးဂျာနယ် ထုတ်ဝေခွင့်ဖြင့် ထုတ်လုပ်လျက်ရှိသော ဂျာနယ်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် ဆက်စပ်နေသော နိုင်ငံရေးသတင်းများကို စိစစ်ရေးက ဖော်ပြခွင့်မပြုကြောင်း စီးပွားရေးသတင်းဂျာနယ် တာဝန်ခံအယ်ဒီတာတဦးက ပြောသည်။
“စီးပွားရေးဂျာနယ်ကတ်နဲ့ထုတ်တဲ့ သတင်းဂျာနယ်တွေမှာ စီးပွားရေးသတင်းပဲအကျုံးဝင်တယ် ဆိုပြီး နိုင်ငံရေးသတင်းတွေအဖြုတ် ခံရတယ်။ စာပေစိစစ်ရေးကို မနာခံဘဲ ဒေါ်အောင်ဆန်းစုကြည် သတင်း၊ နိုင်ငံရေးပါတီ သတင်းတွေထည့်ရင်လည်း ခေါ်သတိပေး တယ်။ နောက်ဆက်တွဲ တင်ပြခွင့် ပိတ်ပင်တာမျိုး အရေးယူခံရတယ်”ဟု ၎င်းက ဆိုသည်။
လာမည့် ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းခေါ်ယူမည့် လွှတ်တော်အစည်းအဝေးများတွင် သတင်းမီဒီယာဥပဒေကို ရေးဆွဲတင်ပြအတည်ပြုပြီး ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုကာ စိစစ်ရေး၏အခန်းကဏ္ဍကို လျှော့ချမည်ဟု စာပေစိစစ်ရေးဌာန ၀န် ထမ်း တဦးက ပြောဆိုသည်။
ပြည်တွင်းသတင်းထောက်များကမူ သတင်းမီဒီယာဥပဒေမှာ မီဒီယာသမားများ ကိုယ်တိုင် ရေးဆွဲခွင့်ရမည် မဟုတ်ဘဲ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့စသည်တို့က ရေးဆွဲကြမည်ဖြစ်သည့်အတွက် သတင်း လွတ်လပ်ခွင့် ရရှိရေး အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ပြောဆိုကြသည်။
 

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes