Thursday, April 28, 2011

ငါဘယ်လိုလူစားလည်း သင်ဘယ်လိုလူစားလည်း..

လူတွေဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေတခုကို ဆုံးဖျက်ကြတဲ့အခါ..ကိုယ့်ဝါသနာ ကိုယ့်စရိုက်ကိုအခြေခံပြိးတော့ ပြုလုပ်ကြတာ ပြောဆိုကြတာ ကြံစည်ကြတာများပါတယ်၊ အဲဒီလိုဆုံးဖျက်တဲ့အခါမှာလည်း လူတယောက်ရဲ့ကြိးပြင်းလာတဲ့ ကိုယ့်ပါတ်ဝန်းကျင်ရဲ အရှိန်တွေလည်း လွမ်းမိုးနေတက်ပါတယ်။ လူပါတ်ဝန်းကျင် လူအသိုင်းအဝိုင်း လူတွေနဲ့ပါတ်သက်နေသမျ အခြေအနေအမျိုးမျိုးအပေါ်မှာ အခြေခံပြီး ကာယကံရှင်ကိုယ်တိုင်ရော အခြားလူတွေပါ မိမိဓါက်ခံအပေါ်မှာမူတည်ပြိး ဆုံးဖျက်ကြတဲ့သာဓကပုံပြင်လေးတခု တင်ပြလိုက်ရပါတယ်။
ဟိုရှေုးတုန်းက ဖြူစင်ကြယ် လိုအမည်ရတဲ့ နိုင်ငံ နဲ့ လူတွင်ကျယ် နိုင်ငံ ရယ်လို့ဆိုပြိးနှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ပြိး တည်ရှိကြပါတယ်၊ အဲဒီ နှစ်နိုင်ငံအစပ် နယ်နိမိတ်မှာ ဓန မြို့တော်ဆိုတဲ့ မြို့သေးသေးလေး ရှိပါတယ်တဲ့၊ ဓနမြို့တော်ဆိုတဲ့အတိုင်း အဲဒီမြို့တော်လေးဟာ ကုန်စည်ရောင်းဝယ်စည်ကားပြိး အလွန်လှပတဲ့ မြို့လေးတမြို့အဖြစ်ရပ်တည်နေရင်း………ဒီဘက် ဖြူစင်ကြယ်နိုင်ငံကလည်း ဒီမြို့လေးကိုသူတို့ပိုင်တယ်၊ ဟိုဘက် လူတွင်ကျယ်နိုင်ငံကလည်း ဒီမြို့လေးကို သူတို့သာ ပိုင်ဆိုင်တယ် ငြင်းခုံကြပါတယ်… အဲဒီလိုငြင်းခုံရင်း အဖြေမထွက်တဲ့နောက်ဆုံး တနေ့မှာ နှစ်နိုင်ငံ စစ်မက်ဖြစ်ပွါးဘို့ထိ ဖြစ်လာကြပါတော့တယ်။
ဖြူစင်ကြယ်နိုင်ငံကလည်း သူတို့မှာပိုင်ဆိုင်တဲ့ လက်နက်အင့်အား လူအင့်အား နဲ့တိုက်ပွဲဖန်တီးပြိး ဒီမြို့လေးကို ရရှိဘို့အတွက် ချီတက်လာပါတော့တယ်၊ ထို့အတူပါဘဲ တဖက် လူတွင်ကျယ် နိုင်ငံကလည်း လက်နက်အင်းအား လူအင်းအား အလုံးအရင် နဲ့ ချီတက်လာပါတော့တယ်။
နှစ်နိုင်ငံ နယ်စပ်ရောက်တဲ့အခါ တဖက်နဲ့ တဖက် စစ်တိုက်ဖို့ အဆင့်သင့်ဖြစ်နေချိန်မှာ ..ဖြူစင်ကြယ် နိုင်ငံက ရှင်ဘုရင်မျာ စိတ်ကူးတခုပေါ်လာတယ်..သူမှာပေါ်လာတဲ့စိတ်ကူးကို တဖက် ရန်သူနိုင်ငံရဲ့ ရှင်ဘုရင်ကိုပြောပြညှီနိုင်းဘို့ စကားကမ်းလှမ်းပါတယ်။ အဲဒီလိုနဲ့ ရှင်ဘုရင် နှစ်ပါး တွေ့တဲ့အခါ ဖြူစင်ကြယ်နိုင်ငံရှင်ဘုရင်က စပြိး …ဒို့နှစ်နိုင်ငံ ဒီမြို့သေးသေးလေးကိုအကြောင်းပြုပြီး စစ်တိုက်ကြတော့မယ်၊ အဲဒီလိုစစ်တိုက်တဲ့အခါ တိုက်ပွဲကြာရင် ကြာသလောက် နှစ်နိုင်ငံလုံး အထိနာကြမယ်၊ လူတွေရဲ့အသက်ပေါင်းများစွာလည်း သေကြတော့မယ်၊ တိုင်းသူပြည်သားတွေလည်း အတိဒုက္ခရောက်ကြတော့မယ်၊ စသည်ဖြင့် စကားကမ်းလှမ်းလိုက်တဲ့အခါ…
လူတွင်ကျယ် တိုင်ပြည်ရှင်ဘုရင်က ကဲဒါဖြင့်် ဘာစိတ်ကူးရှိလို့လည်း ဘာဖြစ်ချင်လည်း ငါတို့ကတော့ တိုက်ဘို့အစဉ်သင့်ဘဲ …ဟု ချိမ်းချောက်စကား နဲ့ ကြုံးဝါးပြောဆိုပါတယ်။
ဖြူစင်ကြယ် တိုင်ပြည်ရှင်ဘုရင်က အဆွေတော်… ဒီဓနမြို့လေးတန်ဘိုးထက် နှစ်ဘက်သော စစ်သည်ရဲမတ် အသက်တွေဟာ ပိုတန်ဘိုးရှိပါတယ်..ဒါကြောင့် ဒို့နှစ်နိုင်ငံ စစ်မတိုက်ဘဲ နှစ်နိုင်ငံလုံး ပညာရှိချင်းပြိုင်ပြိး နှစ်လုံးရည်ချင်းတိုက်ကြပြီးအဆုံး အနိုင်အရှုံးသက်မှတ်တာ ပိုကောင်းမယ်ထင်တယ်လို့ အဆိုတင်သွင်းပါတယ်၊
လူတွင်ကျယ်တိုင်းပြည်က ရှင်ဘုရင်က..ရတယ် လက်ရုးံရည်ချင်းယှဉ်လည်း ရတယ်၊ နှစ်လုံးရည်ချင်းယှဉ်လည်းရတယ်၊ ဟုအားကျမခံပြောဆိုပြိး ….ယှဉ်ပြိုင်မဲ့ရက် နေရာ သက်မှတ် ပြိးအသိးသီးကိုယ်တိုင်ပြည်ကိုယ် ပြန်ခဲ့ကျတော့တယ်၊
ဖြူစင်ကြယ်တိုင်းပြည်မှာ တကယ်တော်တဲ့ပညာရှိတွေ ပေါသလောက် …ဟို လူတွင်ကျယ် တိုင်းပြည်မှာတော့ ပညာရှိမရှိသလောက်ရှားပါတယ်…ဒိတော့ လူတွင်ကျယ်..ရှင်ဘုရင်က ကဲ..ငါ့တိုင်းပြည်ထဲရှိတဲ့ ပညာရှိတွေရှာစမ်းဟဲ့ ဆိုပြိးး…အရေးပေါ်အမိန့်ထုပ်ပြီး…မောင်းထုပြိးရှာခိုင်းပါတော့တယ်၊
တိုင်းသူပြည်သား လူအများတို့လေး…………………….ဒူ ဒူ ဒူ…….
ဒီကနောက် လပြည့်နေ့ရောက်တဲ့အခါ ..ဖြူစင်ကြယ်တိုင်ပြည်နဲ့ ပညာရှိချင်းပြိုင်ကာ နှစ်လုံးရည်ယှဉ်ကာ အနိုင်အရှုံးသက်မှတ် ဆုံးဖြတ်ချက်ချမည်ဖြစ်ပါသောကြောင့်.. တိုင်းပြည်အတွင်းမှာ ရှိသောပညာရှိများ အနေဖြင့် တိုင်းပြည်ဂုဏ်သိက္ခာငဲံ့ကွက်ကာဖြင့် အမှု့တော်တာဝန်ထမ်းရွတ်နိုင်ပါကြောင်း …အမှု့တော်တာဝန်ထမ်းရွက်နေစဉ်ကာလအတွင်း ရေမြေ့သနင်း လူတွင်ကျယ် ဒို့အရှင်ဘုရင်ကလည်း လစာကောင်းကောင်းဖြင့် သူကောင်းပြုမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်….ဒူ ဒူ ဒူ……….. စသည်ဖြင့် တမြှိုဝင် တမြို့ထွက် ကြေညှာမောင်းခတ်ပြိး လှည့်လည်ရှာကြပါတော့တယ်…’
‘ဒိလိုနဲ့ တမြို့ဝင် တမြို့ထွက်..တရွာဝင် တရွာထွက်..ရှာဖွေကြရင်း ထန်းတော့တခုကိုဖျက်လျောက်ရင်း တာဝန်ရှိလူများက ကြေငြာမောင်းထုပြိး..ပုံမှန်ကြော်ငြာကြပြန်ပါတယ်..မောင်းထုသံကြားပြိး..ထန်းတောထဲမှာ အရက်သောက်မူးပြိးလဲနေတဲ့ အရက်သမားက မောင်းထုသံကြောင့်လန့်နိုးပြိး…နားစွင့်နေလိုက်တဲ့အခါ..
အလို………………တိုင်းပြည်အတွက်ပညာရှိလိုအပ်တယ်ဆိုပါ့လား..အင်း ငါသာပညာရှိယောင်ဆောင်ပြိး ဒီပွဲ ၀င်နွဲလိုက်လို့ တကယ်လို့များငါနိုင်ခဲ့ရင်…ရှင်ဘုရင်စီက အရက်ဘိုးကောင်းကောင်းရမယ်…အရက်ကောင်းကောင်းသောက်ရမယ်… ကဲကွာ ဒိပွဲငါဝင်ပြိုင်မယ်ဆိုပြိး မူးလဲနေရာကနေ ကုန်းရုံးထပြိး မူးမတ်တွေနားသွားပြိး…ဗျို့ အမက်မင်းကြိးတို့ ဘာကိစ္စနဲ့ ဒိအရပ်ဒီဒေသကိုလာပြိးမောင်းထုကြေငြာနေကြပါလည်း..လို့ မေးလိုက်ပါတယ်.
ဟဲ့..မောင်မင်း..ဝေးရာသွားရှောင်နေစမ်း..တိုင်းပြည်မှာ ဒိလောက်အရေးတကြိးပညာရှိရှာနေချိန် မောင်မင်းကို ရှင်းပြနေချိန်မရှိဘူး…ဟု ခပ်မာမာပြန်ပြောလိုက်ပါတယ်..
အော်…အမတ်မင်းကြိးတို့ရယ်..ဒီအတွက်မပူပါနဲ့ လို့ပြောလိုက်တဲ့အခါ…မူးမတ်များ အံ့အားတသင့်နဲ့ လှည့်အကြည့်… တိုင်းပြည်နဲ့ လူမျိုးဂုဏ်သိက္ခာတင်ရာမှာ ကျွှန်တော်မျိုးမှအခြား..တခြားလူရှိရိုးလားဗျာ..ပြောလိုက်တော့..
မူးမတ်များက ..အားရဝမ်းသာတဲ့စိတ်နဲ့ မောင်းမင်းသင်တကယ်ပညာရှိရဲ့လား..လို့အရက်သမားကိုပြန်မေးလိုက်တယ်..ဒိမှာ ၀န်မင်းတို့ ကျုပ်က ခေတ်ကာလမကောင်းလို့ ရူးချင်ယောင်ဆောင်နေတာကို ဘာမှတ်နေလည်း.. တိုင်ပြည့်အုပ်ချုပ် ရှင်ဘုရင်လုပ်သူကို ပညာရှိပုဂိုံလ်ကျော် လူတော်တယောက်တွေ့ပြိဆိုတဲ့အကြောင်း….သတင်းကောင်းအနေနဲ့ အမြန်ဆုံးသာ သံတော်ဦးသာတင်လိုက်ကြပါတော့…လို့မှင်သေသေနဲ့ ပြောလိုက်တဲအခါ..ပညာနည်းတဲ့တိုင်းပြည်ရဲ့ မူးမတ်တွေကလည်း အားရဝမ်းသာစွာနဲ့ အရက်သမားအပြောကောင်းကောင်းနဲ့ ဖိန့်လိုက်တာကို အဟုတ်ထင်ပြိး နန်းတော်အတွင်း တလေးတစားခေါ်ဆောင်သွားကြပါတော့တယ်။ နန်းတော်အတွင်းရောက်တဲ့အခါ အမွေးနံ့သာရေတွေနဲ့ ရေမိုးချိုး အဝတ်အစားကောင်းကောင်း ဝတ်ဆင်စေပြိး..ရှင်ဘုရင်ထံမှောက်ရောက်စေပြိး..သံတော်ဦးထင်လိုက်သည်မှာ..အရှင်ဘုန်းကံအောက် ပညာရှိယောင်္ကျားကောင်းတယောက် အခစားရောက်တဲံ့အကြောင်း သံတော်ဦးတင်လိုက်ကြပါတော့တယ်။
လူတွင်ကျယ် ရှင်ဘုရင်လည်း အားရဝမ်းသာစွာနဲ့ ရွင်းရွင်းလဲ့လဲ့ရှု့စား ….ကောင်းကောင်းမြှောက်စားထားဘို့ အမိန့်တော်ချမှတ်ပါတယ်..
အဲဒိလိုနဲ့ အရက်သမားလည်း ပညာရှိလို့နာမည်ခံ လောကီစည်းစိမ်လျှံနေအောင် ခံစားနေပါတော့တယ်..
အဲဒီလိုနဲ့ ..တိုင်းပြည်နှစ်တိုင်းပြည် ယှဉ်ပြိုင်မဲ့ရက်ရောက်ရှိလာတဲ့အခါ.. အသိးသိးသော ကိုယ်တိုင်းပြည်ရဲ့ ပညာရှိအမတ်ကိုခေါ်ဆောင်ပြိး… အခန်းအနားတွေနဲ့ နှစ်နိုင်ငံနယ်စပ်ကိုရောက်ရှိလာကြပါတော့တယ်။
ဖြူစင်ကြယ် တိုင်းပြည်က တကယ့်ပညာရှိဟာလည်း ပညာရှိအဝတ်အစား အဆောင်အယောင်တွေနဲ့ ချိန်းဆိုတဲ့နေရာရောက်လာသလို… လူတွင်ကျယ် တိုင်းပြည်က အရက်သမား ပညာရှိဟာလည်း ..ပညာရှိအဝတ်အစား အဆောင်ယောင်နဲ့ ရောက်ရှိလာပါတော့တယ်။
ပညာရှိ နှစ်ယောက် တွေ့ကြတဲ့အခါ တယောက်နဲ့တယောက် အသိအမှတ်ပြု အရိုအသေပေးပြီး၊ ဖြူစင်ကြယ် တိုင်းပြည်မှလာတဲ့တကယ်ပညာရှိက …စပြိး…
့ကဲ …ကျွန်တော်မျိုးတို့ နှစ်ဦးလုံးဟာ အသီးအသိး မိမိတိုင်းပြည်ရဲ့ကိုယ်စား ပညာချင်းပြိုင်ဘို့ရန်အတွက် ရောက်လာခြင်းဖြစ်ပါတယ်….ဟုတ်ပ..ဟုဆိုကာ အရက်သမားပညာရှိကထောက်ခံပါတယ်။
ဒီတော့ ..များသောအားဖြင့် အခြားသောပြိုင်ပွဲတွေဟာ စကားပြောဆိုခြင်းဖြင့်ပြိုင်ကြတယ်၊ ကျုပ်တို နှစ်ဦးပြိုင်ပွဲ ကတော့ စကားမပြောဘဲ အမူအယာ နဲ့ဘဲ ပြိုင်ကြရင် ကောင်းမယ်ထင်ပါတယ်..သင့်သဘောထားသိပါရစေ လို့ဖြူစင်ကြယ်တိုင်းပြည်က ပညာရှိကမေးပါတယ်။
လူတွင်ကျယ် တိုင်းပြည်က ပညာရှိယောင်ဆောင်ထားတဲ့ အရက်သမားက …စမ်းချင်ရာစမ်း မောင်ဘဂျမ်း ဟူဆိုကာ..ကြိုက်တဲ့နည်းနဲ့ ပြိုင်ပါရပါတယ်..ဟုပြောဆိုကာ ပြိုင်ပွဲစလေသည်၊
ဖြူစင်ကြယ်တိုင်းပြည်က တကယ့်ပညာရှိက ..ပထမဆုံး..လက်ငါးချောင်း ထောင်ပြတယ်၊
လူတွင်ကျယ်တိုင်းပြည်က အရက်သမားပညာရှိက..စဉ်းစားတယ်၊ အင်း အရက်သမားတယောက်ရဲ့ အသွေးအသား နီးစပ်စပ်အရောင် နဲ့ ငါလက်တွေအနည်းငယ်တုန်နေတာ ရိပ်မိပြိးတော့ တနေ့ တနေ့ အရက်ငါးပုလင်းကုန်သလားမေးတာနဲ့တူတယ်။ ဟင်း….ငါးပုလင်းဘယ်ကမလည်း ၁၀ ပုလင်းတောင်ကုန်တယ်ဆိုတဲ့ အတွေး…အဖြေပေးတဲ့နေနဲ့ လက် ၁၀ ချောင်းထောင်ပြလိုက်ပါတယ်။
ဖြူစင်ကြယ်တိုင်းပြည်က ပညာရှိက ..အော် ငါက မင်းတိုတိုင်းပြည်က ရှင်ဘုရင်ဟာ ၅ ပါးသီလ မြဲသလားလို့းမေတာ..သူကပြန်ဖြေတယ်..၁၀ ပါးသီလတောင်မြဲတယ်ဆိုပါ့လား..အင်း ကောင်းလေစွ ကောင်းလေစွ ဆိုပြိး စိတ်ထဲမှာ ကြည်နူးနေပါသတဲ့။
နောက်တခါ..ဖြူစင်ကြယ် တိုင်းပြည်ကပညာရှိက ရင်ဘက်ကလေးအုပ်ပြီး ပုတ်ပြ ပုတ်ပြ ပြိးတော့ အမူအယာနဲ့ပြမေးတယ်။
လူတွင်ကျယ်တိုင်းပြည်က အရက်သမားပညာရှိ စဥ်းစားတယ်…အင်း…ငါ့ကို တနေ့တနေ့ အရက် ၅ ပုလင်းကုန်လားမေးတော့ ငါက ၁၀ ပုလင်းကုန်တယ်လို့ပြောလိုက်တယ်။ ခု ရင်ဘက်ပုတ်ပြီးမေးတာဟာ ဧကန္တ ၁၀-ပုလင်းကုန်အောင်သောက်တဲ့ငါ့ကို အဲဒီလောက်သောက်မှတော့ ရင်ဘက်မပူဘူးလားမေးတာနေမှာ။ ဟင်း…၁၀ ပုလင်းတောင်ကုန်အောင်သောက်ထားမှတော့ ရင်ဘက်တင်မကဘူး ကျောပါပူတယ်ဗျ ဆိုတဲ့နေနဲ့ ရင်ဘက်ရော ကျောရော ရှေ့နောက်ပုတ်ပြလိုက်တယ်။
အဲဒီတော့ ဖြူစင်ကြယ်တိုင်းပြည်က တကယ့်ပညာရှိက အော်…မင်းတိုတိုင်းပြည်ကရှင်ဘုရင်ဟာ တိုင်းသူပြည်သားတွေရဲ့ အပေါ်မှာ ရင်ဝယ်သားကဲ့သို့စောင့်ရှောက်ရဲ့လားလို့ငါမေးတာကို..သူတို့ရှင်ဘုရင်က တိုင်းသူပြည်သားတွေရဲ့အပေါ်မှာ တပြေးညီ ကျောသား ၇င်သား မခွဲခြားဘဲဆက်ဆံတယ် ဆိုပါ့လားလို့သဘောက်ပေါက်ပြီး....း။ ကောင်းပ ကောင်းပ ဟု စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ .။။။
ပုံပြင်လေးကတော့ ဒီမျှပါဘဲ-
ဒီပုံပြင်လေးကပြောချင်တာက ..လောကမှာ ပညာရှိနာမည်ခံထားသူတွေ..အပြင်မှာ ပညာရှိတွေရဲ့ အဆောင်အယောင်တွေ အသုံးအဆောင်တွေ အဝတ်အစားတွေ ဝတ်ဆင်ထားပေမယ့်လို့.. ပင်ကိုယ်ဗီဇစရိုက်အပေါ်မှာအခြေခံပြီး တကယ့်ပညာရှိက ပညာရှိတွေးတွေးပြိး..အရက်သမားကတော့ အရက်သမားတွေးတွေးကာ အကြောင်းအရာတခုကိုဆုံးဖျက်တက်ကြလို့ပါဘဲ။ စားရေးသူကိုယ်တိုင် လည်း ပုံပြင်လေးဖတ်ပြိးနောက်ပိုင်းအကြောင်းအရာတခုတွေ့လိုက်တိုင်းကြုံလိုက်တိုင်း..စဉ်းစာမိရက်သားဖြစ်နေတက်ပါတယ်…
သင်စာဖတ်သူလည်း အကယ်လို့များ ကိစ္စကြိးငယ်ကြုံလာခဲ့ပါက……………………ဘယ်လို့များ…လိမ့်..လိမ့်ဆိုတဲ့ အတွေ့များနဲ့..

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes