Friday, October 28, 2011

သိလျှက် မကောင်းမှု့ကိုလုပ်ခြင်း၊ မသိဘဲ မကောင်းမှု့ကိုပြုခြင်းပြဿနာ

 မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ကို
လူတယောက်သည် သိလျှက် မကောင်းမှု့ကိုပြု၏၊
အခြားလူတယောက်ကတော့ မသိမှု၍ မကောင်းမှု့ကိုပြု၏၊
အဘယ်သူ၏ မကောင်းမှု့ကံသည် ပိုများပါသနည်း ဟုမေးမြန်းလျှောက်ထား၏၊
နာဂသေန အရှင်သူမြက်က မင်းကြီး အကြင်သူသည် မသိမူ၍ မကောင်းမှု့ကံ ပြုလုပ်၏၊ ထိုမသိမူ၍ မကောင်းမှု့ကံပြုသူ၏ မကောင်းမူ့သည် ပို၍များပြား၏ ဟုပြန်လည်ဖြေကြား၏၊

မင်းကြီးက အရှင်ဘုရား နာဂသေန ဒါဆိုလျှင် ကျွန်တော်မျိုးတို့၏ နန်းတွင်းမှာ မင်းညီမင်းသားသည်လည်းကောင်း မူးမတ်သည်လည်ကောင်း မသိမူ၍ မကောင်းမူ့ကံ ပြုလုပ်အံ့ ၊ ထိုသူအား နှစ်ဆသော ဒဏ်ကိုပေးရပါကုန်အံ့လောဟု လျှောက်၏၊ မင်းကြီး
သင့်ကိုငါမေးပါရစေ၊
လူတယောက်သည် ရဲရဲတောက်ပြိးပူလောင်နေသော အလျှံတပြောင်ပြောင်တောက်လောင်နေသော မီးနှင်င့်္တကွသော သံခဲ သံတုံးကို တစ်ယောက်သောသူသည် သိလျှက်ကိုင်၏၊
တယောက်သောသူကတော့ မသိမူ၍ အားရပါးရဆုပ်ကိုင်ရာ၏ အဘယ်သူကို ပြင်းထန်စွာလောင်ရာသနည်းဟု မေးတော်မူ၏၊
အရှင်းဘု၇ား အကြင်သူသည်ကား မသိမူ၍ ဆုပ်ကိုင်ရာ၏၊ ထိုသူအား ပြင်းထန်စွာလောင်ရာပါ၏ ဟုလျှောက်၏၊
မင်းကြီး ထိုအတူသာလျှင် အကြင်သူသည် မသိမူ၍ အကုသိုလ်မကောင်းမူ့ကို ပြုလုပ်၏၊ ထိုသူအားမကောင်းမူ့ အကုသိုလ်ကံသည် များပြား၏ဟု ဖြေကြားတော်မူ၏၊
အရှင်ဘု၇ားနာဂသေန သင့်မြက်လျှော်ကံကောင်းမြက်လှပါ၏ ဟုလျှောက်လေတော့၏၊ /
 ကျွန်တော်အနေဖြင့် ဘဝပေးအခြေအနေကြောင့် ဝမ်းစာအတွက် အလုပ်မျိုးစုံ လုပ်ကိုင်နေကြရသော သူငယ်ချင်များအပါအဝင် လူတချို့ဟာ ဘာသာရေးစာအုပ်ဖက်ဘို့ တရားနာယူဘို့ တွန့်နေတက်ကြပါသည်၊ အထက်ပါ အမေးအဖြေကို
ဖတ်ရူ့ထောက်ဆကြည့်သောအားဖြင့်
ဘာပဲဖြစ်ဖြစ် လေ့လာကြားနာ သင့်သည်ဟု သိစေသဘောပေါက်စေလိုပါသည်၊ ဒါမှသာလျှင် တလုံးတလေ
မှတ်မိလေလျှင်လည်း တဖြည်းဖြည်းဖြင့် အသိပညာ တိုးပွါးကာ လောကီ အကျိုး လောကုတ္တ၇ာ
အကျိုး တိုးပွါးပါစေ စိတ်စေတနာဖြင့် ….
အမေးမိလိန်၊ အဖြေ နာဂသိန်ဟု ကျမ်းစာအုပ်တအုပ်အနေဖြင့် ရှိနေသည့်အတွက်ကြောင့် စာအုပ်ကြီးကိုင်ပြီး ကြည့်ဘို့ အခြေအနေမပေးသူတို့အတွက် ဗဟုသုတအဖြစ်
တင်ပြရခြင်းဖြစ်ပါသည်၊။
 

တိုက်ဆိုင်မှု့ဆိုတာ မရှိပါ...မျှော်နေရုံနဲ့လည်းမရပါ...

           အကျိုးတရားမှန်သမျှဟာ အကြောင်းတရားပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာကြရတာ ဓမ္မတာပါ၊
အကျိုးတရားလှပ မလှပ ဆိုတာ အကြောင်းတရားပေါ်မှာ မှန်မှန်ကန်ကန်သုံးသပ်ဆုံးဖျက် လုပ်တက်ဘို့လည်း လိုပါတယ်နော်…
ဒီနေရာမှာ..အကြောင်း အကျိုးကိုလည်း နာလည်ဘို့လိုပါတယ်၊
အိမ်ရှင်မတွေအတွက်၊ ` ။ထမင်းချက်တာက အကြောင်းဆိုရင် ထမင်းကျတ်တာက အကျိုးပါ၊
ကျောင်းသားတွေအတွက်၊         ၊ စာကျိုးစားတာကအကြောင်းဆိုရင် စာမေးပွဲအောင်တာက အကျိုးပါ၊
လုပ်ငန်းခွင်ဝင်နေသူများအတွက်။                 ၊အလုပ်လုပ်တာဟာ အကြောင်းဆိုရင် လခရတာက အကျိုးပါ၊
ထမင်းချက်ခြင်းအကြောင်းမရှိဘဲနဲ့ ထမင်းကျက်ဘို့ မမျှော်လင့်ပါနဲ့၊
စာကျိုးစားမူ့မရှိဘဲနဲ့ စာမေးပွဲအောင်ဘို့ဆုမတောင်းပါနဲ့၊
အလုပ်မလုပ်ဘဲနဲ့ လခကောင်းကောင်း မတောင့်တပါနဲ့။
အကြောင်းတရားကို ကောင်းကောင်းမဖန်တီးဘဲနဲ့ အကျိုးတရားသက်သက်ကိုထိုင်ပြိးမျှော်လင့်နေတာဟာ…
တကယ်တော့….မြစ်ဒီဘက်ကမ်းကနေ မြစ်ရဲ့ ဟိုဘက်ကမ်းရောက်ဘို့အရေး ထိုင်တွေးပြီး …
အို..ဟိုဘက်ကမ်းကြိးရယ် ဒီဘက်ကမ်းကို လာခဲ့ပါလားလို့ မျှော်လင့်နေသလိုပါဘဲ၊ 
    အမှန်တော့ ဟိုဘက်ကမ်းရောက်ဘို့ ကိုယ့်မှာရှိတဲ့ ကိုယ်အားညာဏ်အား အစွမ်းအစ ရှိသမျှထုပ်ပြပြိး  လှေရှိရင်လည်း   လှေလှော်သွားလို့..လှေမရှိ သစ်ကိုဖေါင်လုပ်လို့၊ သစ်မရှိရင်ဝါးကို ဖေါင်လုပ်လို့ သွားမှသာလျှင်       လိုရာရောက်နိုင်သည်မဟုတ်ပါလား၊
ကောင်းတဲ့ အကျိုးရလာဒ် ရဘို့ရန် အကြောင်းတရာတခုဖန်တီးတော့မယ်ဆိုရင်…
သင့်မှာ..လုပ်ရမဲ့အကြောင်းတရားတွေ တနည်းအားဖြင့် လုပ်ရမဲ့တာဝန်တွေ များနေတက်ပါတယ်၊ .အဲဒိလိုတွေများနေပြိးဆိုရင် တခါတလေ မလုပ်ခင်ကတည်းက စိတ်ရှုပ်သွားတက်ပါတယ်၊ အဲဒီလိုမဖြစ်ရအောင်
နံပါတ်တစ်အနေနဲ့.. ကိုယ်လုပ်ရမဲ့အလုပ်ကို စာရွတ်တရွတ်ပေါ်မှာ စားရင်းချရေးလိုက်ပါ၊
နံပါတ် နှစ်အနေနဲ့ ..ကိုယ်လုပ်သင့်တယ်ထင်တဲ့ အလုပ်ကို အရင်ဆုံးလုပ်ပါ၊
နံပါတ် သုံးအနေနဲ့ …ကိုယ်လုပ်ရမဲ့ တာဝန်တွေနဲ့ အချိန်ကိုညှိပါ၊ အချိန်ကိုခန့်ခွဲပါ…သတ်မှတ်ပါ၊
အဲဒီလိုလေး…များသက်သက်မှတ်မှတ်နဲ့ လုပ်တက်သွားပြိဆိုရင်..အထိုက်အလျှောက်..
ဗျာ မများရတဲ့အတွက် စိတ်ပင့်ပန်းသက်သာပါတယ်၊
လုပ်သင့်တဲ့ အလုပ်ကို ပထမဆုံးလုပ်တဲ့တွက် တစ်ဆင့်တစ်ဆင့် အလုပ်ပြိးတော့ ကိုယ်လည်း သက်သာပါတယ်၊
အဲဒီလိုလေးများ  ကိုယ်ရော စိတ်ပါ သက်သာတဲ့ အကျိုးတရားဟာ..မမိကိုယ်တိုင်စီမံတဲ့ အကြောင်းတရားပေါ်မှာမူတည်ပြိးဖြစ်ပေါ်လာတဲ့ ရလာဒ်ပါ..
ရုပ်တရက်ဖြစ်ပေါ်လာတဲ့ အကျိုးတရားရလာဒ်တခုကို အကြောင်းတ၇ားရှာဘို့ ကိုယ့်ညာဏ်နဲ့သုံးသပ်လို့ ဆုံးဖျက်ဘို့ ညာဏ်မမှီတဲ့အခါ…လောကသဘာဝပြောကြတာက..တိုက်ဆိုင်မူ့တဲ့..တကယ်တော့ တိုက်ဆိုင်မှု့ဆိုတာ
မရှိပါ၊ အားလုံးဟာ အကြောင်းတရားအပေါ်မှာ အခြေခံတဲ့ အကျိုးတရားတွေပါ၊
ဒီတော့ အကြောင်း အကျိုးမလွတ်တဲ့ လောကကြိးမှာ…
ကိုယ်ရော သူပါ၊ ကိုယ့်ပါတ်ဝန်းကျင်၊ သူ့ပါတ်ဝန်းကျင်မှာ
 ကောင်းကျိုးတရားလှလှ ဆိုတဲ့ ပန်းများပွင့်စေဘို့…
အကြောင်းတရားလှလှ မျိုးစေ့များ ကျဲကြပါစို့လို့…….

လက်ဖဝါး နဲ့ လက်ဖမိုးအမြင် သိစေချင်….

         တယောက်နဲ့ တယောက်ပေါင်းသင်းကြတဲ့အခါ ဆက်ဆံကြတဲ့အခါ အမြဲတမ်းကတော့ ကိုယ့်အလိုကြ ဘယ်တော့မှမဖြစ်နိုင်ပါ၊ အကြောင်းသော်ကား.. သူ့အမြင် ကိုယ့်အမြင်ဆိုပြီး နှစ်မြင်ရှိတက်လို့ပါဘဲ၊ အဲဒီလိုအမြင်နှစ်မျိုးဆိုတာကလည်း နှစ်ဦးစလုံးဟာ အတ္တလူသားတွေပီပီ အတ္တဆိုတဲ့ “ငါ” အပေါ်မှာ အခြေခံကြလို့ပါဘဲ..
       တသက်မှာ တကိုယ် သူ့ကိုသာအချစ်ဆုံးဆိုပြီး ပေါင်းသင်းလာကြတဲ့ သူတွေများတောင် အသေးအမွှား လွှဲမှားမှု့ကအစ အကြီမားဆုံးသောရန်သူတွေဖြစ်ကာ.. နောက်ဆုံးလမ်းခွဲကြရတဲ့ အထိဖြစ်ကြတယ်ဆိုတဲ့ သတင်းကြားရတာ ဒုနဲ့ဒေးပါဘဲ၊
 အကြောင်းအရာတခု ဆွေးနွေးကြလို့ ညှင်းခုံကြတဲ့အခါ တယောက်နဲ့တယောက် ညှိမရလို့ပြောကြတဲ့အခါ  ဟေ့ “မင်းဘက်ကကြည့်ရင် လက်ဖဝါး၊ ငါ့ဘက်ကကြည့်ရင် လက်ဖမိုးကွ”  ဆိုကာ လက်သီးလက်မောင်းတန်းပြီး  အာခေါင်အာရင်းသန်သန်နဲ့ ပြောကြတာလည်း နေရာတကာမှာ တွေ့နိုင်တာပါ၊
ဟေ့ မင်းဘက်ကကြည့်ရင် လက်ဖဝါး၊ ငါ့ဘက်ကကြည့်ရင် လက်ဖမိုး  ဆိုတဲ့စကား စာရေးသူလည်း လက်ခံပါတယ်၊ ဒါပေမဲ့ စာရေးသူတွေးနေမိတာက တချို့ လူတွေဟာ နှစ်ဘက်မြင်သဘောတရားကို လက်ခံကျင့်သုံးသလိုလို တဖတ်လူကိုလည်း နားလည်ပေးပါဆိုတာမျိုး ပြောနေပေမဲ့ ပြောနေသူရဲ့စိတ်ထဲ ပြောနေစဉ်ကာလမှာ မသိမသာ ဒေါသအပေါ်မှာ အခြေခံပြီး ငါ့ဘက်ကကြည့်ရင် လက်ဖမိုးကွ ဆိုတဲ့ အတွေးကိုသာ နေရာပေးကာ …ငါ့မြင်း ငါဆိုင်း စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုတာမျိုး ကျင့်သုံးပြီး ကျန်တဲ့သူရဲ့ လက်ဖဝါးအမြင်ဝါဒကို သဘောပေါက်ပေမဲ့ လက်မခံနားလည်မပေးနိုင်တဲ့သဘောပါနေတာကိုပါ၊
  တဖက်လူကသာ နှစ်ဘက်မြင်သဘောတရားကိုလက်ခံလို့ အလျှော့ပေးလိုက်ရင်တော့ ဒီနေရာမှာပဲ ကိစ္စပြီးပါတယ်၊ အကယ်များသာ တဖက်လူကလည်း ရှေ့လူနည်းတူ ငါ့ဘက်ကအမြင်သာအမှန်ပါဟုဆိုကာ တင်းခံနေပါက လက်ဖဝါးအမြင် လက်ဖမိုးအမြင် မပီပြင်တော့ပါ၊
အဲဒီအခါမှာ မပြီပြင်သော မကြည်လင်သော အဆုံးသက်မူ့တွေနဲ့ ..ဟင်း ထင်းခွေမကြုံ ရေခတ်ကြုံတာပေါ့ကွာ ဟုဆိုကာ လက်စားချေတက်ကြပါတော့တယ်၊
စာရေးသူကြားဘူးတဲ့ လက်စားချေတဲ့သာဓက ရှေးတုန်းက ရွာတရွာမှာ ကိုတိုးဆိုသူက တခြားရွာမှာရှိနေတဲ့ သူ့သူငယ်ချင်းကိုမိုး ရှိရာကို အလည်ရောက်လာပါတယ်၊ ဒီနယ်ကိုရောက်တုန်းရောက်ခိုက် ဒေသန္တရ ဗဟုသုတ ရဘို့ဟိုဟိုဒီဒီလှည့်ကြည့်ဘို့ရန်အတွက် ကိုမိုး အိမ်မှာရှိနေတဲ့ မြင်းတကောင်ကို ခနငှါးစီးပြီး လျှောက်လည်ပါတော့တယ်၊ တနေကုန် လျှောက်လည်လို့အားရ ညနေချိန်ကျတော့ အိမ်ပြန်လာတယ်၊ ကိုမိုးလည်း သူ့မြင်းလေးကိုကြည့်ပြီး အတော်လေးသနားနေရှာတယ်၊ ကိုမိုးစိတ်ထဲမှာတော့ ငါမြင်းလေးကို တနေ့ကုန် မညှာမတာစီးထားတာ တနေ့နေ့တော့တွေ့ကြသေးတာပေါ့ကွာ..  ဟုဆိုကာစိတ်ထဲမှာ တေးထားပါတော့တယ်၊
ဒီလိုနဲ့ ကိုမိုးလည်း အကြောင်းကိစ္စတခုပေါ်လာတော့ ကိုတိုးရွာကို ရောက်သွားပါတယ်၊ ကိုတိုးအိမ်ကမြစ်ကမ်းနားဘေးမှာ ဆိုတော့ မြစ်ဘေးချောင်းဘေးနေသူများပီပီ အိမ်တိုင်းမှာ အရေးပေါ်အတွက် လှေတစီးဆီ ရှိကြပါတယ်၊ ကိုတိုးပိုင်တဲ့လှေကိုကြည့်ပြီး ကိုမိုးကလက်စားချေချင်စိတ်တွေတဖွါးဖွါး ပေါ်လာကာ ..ဟ သူငယ်ချင်းငါ့ကိုမင်းလှေ ခနငှါးစမ်းကွာဟုဆိုကာ လှေပေါ်တက်ပြီး အားရပါးရ လှော်ပါတော့တယ်၊ စိတ်ထဲကတော့…ဟား ဟား ငတိုးရာ မင်းငါ့ရွာလာတုန်းက ငါ့မြင်းကို မညှာမတာစီးထားတာ၊ ဒီတခါတော့ မင်းလှေကိုလည်းတအားလှော်လိုက်မယ် လို့တွေးပြီး ကိုတိုးလှေကို တနေကုန်တနေခန်း မြစ်ထဲမှာ တအားသာ အားစိုက်လှော်နေပါတော့တယ်၊
ထိုနည်းတူစွာ ကိုလိုရာတွေးပြီး လက်စားခြေဘို့ကိုသာ စိတ်အားသန်ကာ စိတ်ပင့်ပန်း ကိုယ်ပင့်ပန်း ဖြစ်နေမှန်းမသိ ဖြစ်နေကြတာကို သတိကပ် သိမှတ်စေလိုတာပါ၊
ဟေ့ “မင်းဘက်ကကြည့်ရင် လက်ဖဝါး၊ ငါ့ဘက်ကကြည့်ရင် လက်ဖမိုးကွ”  ဆိုကာ လက်သီးလက်မောင်းတန်းပြီး ပြောနေတဲ့ဟန်ပန် အခြေခံ ဒေါသစိတ်ထားသံကိုပြောင်းပြီး..
“မင်းဘက်ကကြည့်ရင် လက်ဖဝါး၊ ငါ့ဘက်ကကြည့်ရင် လက်ဖမိုးပါသူငယ်ချင်းရာ”  ဟုဆိုကာ နှစ်ဘက်မြင်ဝါဒကို မေတ္တာရှေးရှု့ကာ စိတ်ထဲကလည်းလက်ခံ ကိုယ်တိုင်လည်းကျင့်သုံးရင်ဖြင့် နှစ်ဦးစလုံးအတွက် နှစ်ဘက်စလုံးအတွက်  နှစ်အုပ်စုလုံးအတွက် အဖွဲ့အစည်းနှစ်ခုလုံးအတွက် ….အတွက် ….အတွက်…. အတွက်အသင့်မြတ်ဆုံးဖြစ်နေမယ်ဆိုတာ ယုံကြည်ကာဖြင့်……ယုံကြည်စွာဖြင့်….

ကိုယ့်အားနည်းချက်ကို ကိုယ်သိရင် ကိုယ်ဟာတိုးတက်သူ..

လူရယ်လို့ဖြစ်လာ သူသူငါထင်ကြတာ တကယ်တော့ ငါမညံ့ပါ ဆိုတဲ့အတွေးမျိုးတွေးသူပေါပေမဲ့ သူလည်းမညံပါလားဆိုတဲ့အတွေးမျိုး တွေးတဲ့သူနည်းပါတယ်၊ မရှိဘူးလားဆိုတော့ ရှိပါတယ်၊ ဒါပေမဲ့ ရှားတယ်လို့ဆိုရမှာပါ၊
ပါတ်ဝန်းကျင်မှာ တွေ့နေရမြင်နေရ ကြားနေရတာက မိဘနဲ့ သားသမီးကြား အသာနေစမ်းပါသားရာ၊ သမီးရာ သားတို့ သမီးတို့မသိပါဘူး၊
ဆရာနဲ့ တပည့်ကြားမှာလည်း  ဒီမှာငါပြောပြမယ်ဆိုပြီး မေးတာကိုလက်မခံ၊ တကယ်လို့မေးမိရင်လည်း တော်တော်အမေးအမြန်းထူတယ်၊ တိတ်တိတ်လေးနားထောင်ဆိုပြီး..ဆရာဆိုတဲ့ ပါဝါသုံးပြိး ဟန်တလုံးနဲ့ပြောနေတာတွေ၊
အစ်ကိုနဲ့ ညီလေးအကြား၊ အစ်မနဲ့ ညီမလေးအကြား အမြဲတမ်းကြားနေရတာက မင်းက ငါ့နောက်မှမွေးတာပါကွာ၊ ငါကမင်းအရင် ထမင်းစားတာပါ၊
ကြီးသူနဲ့ ငယ်သူကြားမှာလည်း မင်းက မနေ့တနေ့ကမှ လူဖြစ်လာတာပါတဲ့..
 အဲဒီလိုတွေးတက်ပြောတက်တဲ့ လူတွေကြားကနေ တမူထူးခြား လေးစားစရာကောင်းတဲ့ ဆရာများရဲ့ စာလေးတွေဖတ်မိတဲ့အခါ..စာရေးချင်စိတ်လေးပေါက်လာမိတယ်လေ..
 ဆ၇ာ ဦးဖေမောင်တင်က “ တပည့်ဟာ ဆရာထက်တော်ရမယ်လို့” ပြောလေ့၇ှိတယ်လို့လည်း ဖတ်ဘူးတယ်၊
ဒေါက်တာလှဖေကတော့ “ ငါစာတမ်းတစ်စောင်ရေးပြီး ခြောက်လ တစ်နှစ် ပစ်ထားလိုက်တယ်၊ ပြီးတော့မှ ဘယ်စာစောင် ပို့ပြီး ပုံနှိပ်မယ်လို့ သတိရတဲ့အခါ ပြန်ရှာပြီး ပြန်ဖတ်ကြည့်တယ်၊ အံမာ ငါတယ်တော်ပါလားလို့ စိတ်မှာဖြစ်ရင် ဒီခြောက်လ တစ်နှစ်မှာ ငါ့ရဲ့ အသိပညာမတိုးဘူးမှတ်၊ ကံကောင်းလို့ဟေ့ ဒီအချက်တွေ ပြင်ဦးမှ၊ ဒီနေရာ ဒီလိုရေးလို့ ဘယ်ကောင်းမလဲဆိုသလို အပြစ်တွေ တွေ့နေရင် ဒီခြောက်လ တစ်နှစ်မှာ ငါအသိပညာတိုးလာပါကလားလို့ သိ။“ လို့ရေးထားတာလည်း မှတ်ဘူးတယ်၊
ဒေါက်တာ သန်းထွန်းကလည်း၊ “ငါ့တပည့်ထဲက ငါရေးတာပြင်နိုင်တဲ့ကောင်ပေါ်ရင်ပေါ့လေ၊ သူပြင်ဖို့ ဖြည့်ဖို့ အများကြီးတွေ့မှာပါ၊ ဒီလိုမဖြည့်နိုင် မပြင်နိုင်သမျှ ဒီဘာသာရပ်မှာ မတိုးတက်ဘူးလို့ပြောရမယ် တဲ့.. “ အဲဒီလိုရေးထားတဲ့ သူ့စာအုပ်မှာတွေ့ဘူးတယ်၊
စာရေးသူနားလည်သလောက် ဆရာကြီးများရဲ့သဘောက လူလောကကြီးမှာ လူဖြစ်လာသခိုက် ငါတို့တစ်တွေ လုပ်ခဲ့တာတွေဟာ  အကုန်လုံး ပြည့်စုံတယ်လို့ မဆိုလို ငါတို့တစ်တွေ စွမ်းနိုင်သမျှ လုပ်နိုင်သမျှလုပ်ခဲ့တယ်၊ မင်းတို့ဟာ ငါတို့ထက်တော်နေရမယ် ဆိုတဲ့အတွေးတွေ မျှော်လင့်ချက်တွေ စေတနာတွေ၊ မုဒိတာတွေ အပြည့်နဲ့ ဆရာသမားတွေ ပြောခဲ့တာဆိုခဲ့တာ နေရာပေးခဲ့တာတွေဟာ လေစားအတုယူစရာတွေပါ၊
အဲဒီတော့ ..
စာရေးသူ၊ စာဖတ်သူ အပါအဝင် လူတိုင်းလူတိုင်းဟာမညံ့ကြပါဘူးတဲ့၊ ကိုယ်နည်းကိုယ်ဟန်နဲ့ တနေရာရာမှာ အစွမ်းထက်ပြီး အရည်အချင်းရှိကြပါသတဲ့၊ သင့်ပါတ်ဝန်းကျင်မှာ တွေ့နေရတဲ့ ကိုယ့်ထက်ကြီးသူ ကိုယ်နဲ့ရွယ်တူ ကိုယ့်အောက်ငယ်သူ  တော်တဲ့သူဘယ်နှစ်ယောက်ကို သင်တွေ့ဘူးပါသလည်း၊ တွေ့တဲ့အခါမှာ သူတော်တာကို  ဘယ်နှစ်ခါ အသိအမှတ်ပြုဘူးပါသလည်း၊ တော်တဲ့သူကိုလည်း မင်းတကယ်တော်တယ်ဆိုပြီး ကိုယ်ရောစိတ်ပါ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဘယ်နှစ်ခါ ချီးမွမ်းဘူးပါသလည်း၊ အဲဒီတော်တဲ့သူကိုလည်း ဘယ်နှစ်ခါ မြောက်စားဘူးပါသလည်း၊      (ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ထက်တော်သူ ကိုယ့်ပြိုင်ဘက် ဆိုရင် အလဲထိုးဘို့ စဉ်းစာတက်တဲ့လူ၊ ဒေါက်ဖြုတ်တက်တဲ့လူ တချို့ကိုတွေ့ဘူးလို့ပါ )။
တကယ်တော့ ကိုယ့်မှာရှိနေသော အရည်အချင်းနဲ့ သူ့စီမှာရှိနေသောတော်တဲ့ အချက်အလက်တွေကို စုပေါင်းပြိး လက်ရှိထက်ကောင်းအောင် ကျိုးစားဘို့သင့်သည်မဟုတ်ပါလား၊
စာဖတ်သူနေနဲ့ ဒီဆောင်းပါးလေးကိုဖတ်ပြီး ကျွန်တော်စာအေ၇းအသား အားနက်ချက်တွေဟာ အနည်းနဲ့အများလိုမပြောလိုပါ၊ အားနည်းချက် ခပ်များချား တွေ့မှာမလွဲပါ၊ တွေ့လို့ဝေဖန်ပြရင်လည်း ဆရာဒေါက်တာ သန်းထွန်းသဘောအလိုအရ “ငါ့ဆောင်းပါးဖတ်သူတွေထဲက စာဖတ်သူပြင်ဖို့ ဖြည့်ဖို့ အများကြီးတွေ့မှာပါ၊ ဒီလိုမဖြည့်နိုင် မပြင်နိုင်သမျှ ဒီဆောင်းပါး မတိုးတက်ဘူးလို့ပြောရမယ်” တဲ့စကားလို အဲဒီတော့ တိုးတက်အောင်သာ ဆောင်းပါဖတ်ရင်ဝေဘန်ပါလို့…
စာရေးသူလည်း ဒီဆောင်းပါးကိုရေးပြီး ၆ မိနစ်တောင်မစောင့်ဘဲ ပို့စ်တခုအနေနဲ့ တင်လိုက်မိတဲ့အတွက်၊ ကျွန်တော်ကိုယ်တိုင် နောင် ၆ နာရီလောက်အကြာ ထပ်ဖတ်လိုက်ရင် ဒီနေရာမှာ ဒီလိုတွေးသင့်တယ်၊ ဒီနေရာမှာ ဒီလိုရေးသင့်တယ်လို့ အတွေးပေါ်မှာအသေအချာပါ၊ အဲဒီလိုပေါ်ခဲ့ရင်လည်း ဆရာဒေါက်တာလှဖေပြောသလို ၆ လ တနှစ်ကြာမှ အပြစ်တွေ့ရင် ငါ့အသိတိုးတက်ပါလားလို့သိ ဆိုတဲ့စကားအရ အော်….ငါကတော့ ၆ နာရီလောက်ပဲကြာမယ်၊ ငါ့အတွေး ငါ့အရေး ငါအားနည်းချက်တွေ တွေ့ရအုံးမှာဘဲဆိုတဲ့ အတွေးကိုလည်း ကျေကျေနပ်နပ်နဲ့ လက်ခံမိနေအုံးမှာ အသေအချာပဲဆိုပြီး   ကြံဖန်ပြီးတွေးရင်း တွေးရင်း………

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes