စေတနာ၏ သဘောလက္ခဏာသည် တိုက်တွန်နိုးစော်ခြင်းပင်ဖြစ်၏။ ကောင်းသည့်ဘက်မှာတိုက်တွန်း တတ်သ လို မကောင်းသည့် ဘက်မှာလည်း သူပါလေတော့၏။ မကောင်းသည့်နေရာတိုက်တွန်းတာကိုတော့ ထင်ရှားလို့ ထားအုံးတော့ ...ကောင်းသည်နေရာတိုက်တွန်းသည့်အခါ လှည့်စားတက်သည်သဘာဝ အနည်းငယ် ပြောပြ ချင်ပါ၏။ တစ်ခါတစ်ခါ အချေအနေတခုအပေါ်မှာ သုံးသပ်ဆုံးဖျက်ပြီး ကိုယ်နှင့်နီးစပ်ရာ အသိုင်းအ၀ိုင်း အပေါ်မှာ ဘဲဖြစ်ဖြစ် တစ်ဦးတစ်ယောက်အပေါ်မှာဘဲဖြစ်ဖြစ် ငါကစေတနာနှင့်ပြောတာဟုဆိုကာပြောတက်ကြပါ၏။ ထို ပြောဆိုနေစဉ်အချိန်အတွင်းမှာ ဘဲဖြစ်ဖြစ် ပြောပြီးတဲ့အခါမှာဘဲဖြစ်ဖြစ် ကိုယ်ပြောဆိုနေသူရဲ့တုန့်ပြန်မှု့က ကိုယ်
25 Aug 2008
အမူအရာနုက်အမူအရာနေနဲ့အနေနဲ့ နှစ်သက်ဖွယ်တုန့်ပြန်မှု မနှစ်သက်ဖွယ်တုန်ပြန်မှု တခုခုတော့လာလေ တော့၏။ နှစ်သက်ဖွယ်တုန်ပြန်လာတာ တွေတဲ့အခါ ငါတော်တယ်လို့အထင်ရောက်ခါ စေတနာကိုယ်စား အတိမာနက မသိမသာ နေရာယူလေတော့၏။ မနှစ်သက်ဖွယ်တုန်ပြန်လာတာ တွေတဲ့အခါ ငါစေတနာ အကောင်းမထင်လေချင်းဟုဆိုကာ စိတ်နှစ်လုံးယူကြုံးမရ ဖြစ်တက်လေ၏။ တုန့်ပြန်မှုကအဓိကဖြစ်နေလျှင် ဆရာဖြစ်ချင်တာကပထမ ကိုယ်စေတနာက ဒုတိယနေရာမှာ ရောက်မှန်းမသိရောက်နေလေတော့၏။ ကိုယ်ရဲ့ အတိုင်းအရှည်ပမာဏကို ကိုယ်မသိပါက ပိုလို့ပင် ပင့်ပန်းဘွယ်ရာပင်ဖြစ်လေတော့၏၊ စေတနာစစ်စစ်မှာကား တုန့်ပြန်မှု့အပေါ်မှာမတည်ဆောက် မိမိရဲ့မြင့်မြက်တဲ့နှစ်လုံးသားပေါ်မှာသာတည်ဆောက်၏။မြင့်မြတ်တဲ့ နှလုံး သားပိုင်ရှင်တို့မှာကား ဘယ်အရာမဆိုပြုလုပ်ပြောဆိုသောအခါ ကောင်းကျိုးကိုလိုလားသော စိက်သက်သက် သာဖြစ်ပါ၏။ တုန်ပြန်မှု့ကထိုသူအတွက်အရေးမကြီး ကောင်းသွားပါစေ ဆိုသောအချက်သည်သာသူ့အတွက်
တာထွက်အစဖြစ်သလို ပန်းတိုင်လည်းဖြစ်ပြန်၏။ နောက်ဆုံးအပြောမတက်လို့ စကားလုံးကြမ်းစေအုံးတော့ 'ဟ အဲဒီကောင်ကြီးက စကားလုံးသာဆိုးတာ သဘောကတော့ရိုးသား စေတနာကအကောင်း"ဟု ပတ်ဝန်းကျင်က သက်မှက်ကြလေသည်။



2:25 AM
minnanda
Posted in:

0 comments:
Post a Comment