လူရယ်လို့ဖြစ်လာ သူသူငါထင်ကြတာ တကယ်တော့ ငါမညံ့ပါ ဆိုတဲ့အတွေးမျိုးတွေးသူပေါပေမဲ့ သူလည်းမညံပါလားဆိုတဲ့အတွေးမျိုး တွေးတဲ့သူနည်းပါတယ်၊ မရှိဘူးလားဆိုတော့ ရှိပါတယ်၊ ဒါပေမဲ့ ရှားတယ်လို့ဆိုရမှာပါ၊
ပါတ်ဝန်းကျင်မှာ တွေ့နေရမြင်နေရ ကြားနေရတာက မိဘနဲ့ သားသမီးကြား အသာနေစမ်းပါသားရာ၊ သမီးရာ သားတို့ သမီးတို့မသိပါဘူး၊
ဆရာနဲ့ တပည့်ကြားမှာလည်း ဒီမှာငါပြောပြမယ်ဆိုပြီး မေးတာကိုလက်မခံ၊ တကယ်လို့မေးမိရင်လည်း တော်တော်အမေးအမြန်းထူတယ်၊ တိတ်တိတ်လေးနားထောင်ဆိုပြီး..ဆရာဆိုတဲ့ ပါဝါသုံးပြိး ဟန်တလုံးနဲ့ပြောနေတာတွေ၊
အစ်ကိုနဲ့ ညီလေးအကြား၊ အစ်မနဲ့ ညီမလေးအကြား အမြဲတမ်းကြားနေရတာက မင်းက ငါ့နောက်မှမွေးတာပါကွာ၊ ငါကမင်းအရင် ထမင်းစားတာပါ၊
ကြီးသူနဲ့ ငယ်သူကြားမှာလည်း မင်းက မနေ့တနေ့ကမှ လူဖြစ်လာတာပါတဲ့..
အဲဒီလိုတွေးတက်ပြောတက်တဲ့ လူတွေကြားကနေ တမူထူးခြား လေးစားစရာကောင်းတဲ့ ဆရာများရဲ့ စာလေးတွေဖတ်မိတဲ့အခါ..စာရေးချင်စိတ်လေးပေါက်လာမိတယ်လေ..
ဆ၇ာ ဦးဖေမောင်တင်က “ တပည့်ဟာ ဆရာထက်တော်ရမယ်လို့” ပြောလေ့၇ှိတယ်လို့လည်း ဖတ်ဘူးတယ်၊
ဒေါက်တာလှဖေကတော့ “ ငါစာတမ်းတစ်စောင်ရေးပြီး ခြောက်လ တစ်နှစ် ပစ်ထားလိုက်တယ်၊ ပြီးတော့မှ ဘယ်စာစောင် ပို့ပြီး ပုံနှိပ်မယ်လို့ သတိရတဲ့အခါ ပြန်ရှာပြီး ပြန်ဖတ်ကြည့်တယ်၊ အံမာ ငါတယ်တော်ပါလားလို့ စိတ်မှာဖြစ်ရင် ဒီခြောက်လ တစ်နှစ်မှာ ငါ့ရဲ့ အသိပညာမတိုးဘူးမှတ်၊ ကံကောင်းလို့ဟေ့ ဒီအချက်တွေ ပြင်ဦးမှ၊ ဒီနေရာ ဒီလိုရေးလို့ ဘယ်ကောင်းမလဲဆိုသလို အပြစ်တွေ တွေ့နေရင် ဒီခြောက်လ တစ်နှစ်မှာ ငါအသိပညာတိုးလာပါကလားလို့ သိ။“ လို့ရေးထားတာလည်း မှတ်ဘူးတယ်၊
ဒေါက်တာ သန်းထွန်းကလည်း၊ “ငါ့တပည့်ထဲက ငါရေးတာပြင်နိုင်တဲ့ကောင်ပေါ်ရင်ပေါ့လေ၊ သူပြင်ဖို့ ဖြည့်ဖို့ အများကြီးတွေ့မှာပါ၊ ဒီလိုမဖြည့်နိုင် မပြင်နိုင်သမျှ ဒီဘာသာရပ်မှာ မတိုးတက်ဘူးလို့ပြောရမယ် တဲ့.. “ အဲဒီလိုရေးထားတဲ့ သူ့စာအုပ်မှာတွေ့ဘူးတယ်၊
စာရေးသူနားလည်သလောက် ဆရာကြီးများရဲ့သဘောက လူလောကကြီးမှာ လူဖြစ်လာသခိုက် ငါတို့တစ်တွေ လုပ်ခဲ့တာတွေဟာ အကုန်လုံး ပြည့်စုံတယ်လို့ မဆိုလို ငါတို့တစ်တွေ စွမ်းနိုင်သမျှ လုပ်နိုင်သမျှလုပ်ခဲ့တယ်၊ မင်းတို့ဟာ ငါတို့ထက်တော်နေရမယ် ဆိုတဲ့အတွေးတွေ မျှော်လင့်ချက်တွေ စေတနာတွေ၊ မုဒိတာတွေ အပြည့်နဲ့ ဆရာသမားတွေ ပြောခဲ့တာဆိုခဲ့တာ နေရာပေးခဲ့တာတွေဟာ လေစားအတုယူစရာတွေပါ၊
အဲဒီတော့ ..
စာရေးသူ၊ စာဖတ်သူ အပါအဝင် လူတိုင်းလူတိုင်းဟာမညံ့ကြပါဘူးတဲ့၊ ကိုယ်နည်းကိုယ်ဟန်နဲ့ တနေရာရာမှာ အစွမ်းထက်ပြီး အရည်အချင်းရှိကြပါသတဲ့၊ သင့်ပါတ်ဝန်းကျင်မှာ တွေ့နေရတဲ့ ကိုယ့်ထက်ကြီးသူ ကိုယ်နဲ့ရွယ်တူ ကိုယ့်အောက်ငယ်သူ တော်တဲ့သူဘယ်နှစ်ယောက်ကို သင်တွေ့ဘူးပါသလည်း၊ တွေ့တဲ့အခါမှာ သူတော်တာကို ဘယ်နှစ်ခါ အသိအမှတ်ပြုဘူးပါသလည်း၊ တော်တဲ့သူကိုလည်း မင်းတကယ်တော်တယ်ဆိုပြီး ကိုယ်ရောစိတ်ပါ ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဘယ်နှစ်ခါ ချီးမွမ်းဘူးပါသလည်း၊ အဲဒီတော်တဲ့သူကိုလည်း ဘယ်နှစ်ခါ မြောက်စားဘူးပါသလည်း၊ (ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်ထက်တော်သူ ကိုယ့်ပြိုင်ဘက် ဆိုရင် အလဲထိုးဘို့ စဉ်းစာတက်တဲ့လူ၊ ဒေါက်ဖြုတ်တက်တဲ့လူ တချို့ကိုတွေ့ဘူးလို့ပါ )။
တကယ်တော့ ကိုယ့်မှာရှိနေသော အရည်အချင်းနဲ့ သူ့စီမှာရှိနေသောတော်တဲ့ အချက်အလက်တွေကို စုပေါင်းပြိး လက်ရှိထက်ကောင်းအောင် ကျိုးစားဘို့သင့်သည်မဟုတ်ပါလား၊
စာဖတ်သူနေနဲ့ ဒီဆောင်းပါးလေးကိုဖတ်ပြီး ကျွန်တော်စာအေ၇းအသား အားနက်ချက်တွေဟာ အနည်းနဲ့အများလိုမပြောလိုပါ၊ အားနည်းချက် ခပ်များချား တွေ့မှာမလွဲပါ၊ တွေ့လို့ဝေဖန်ပြရင်လည်း ဆရာဒေါက်တာ သန်းထွန်းသဘောအလိုအရ “ငါ့ဆောင်းပါးဖတ်သူတွေထဲက စာဖတ်သူပြင်ဖို့ ဖြည့်ဖို့ အများကြီးတွေ့မှာပါ၊ ဒီလိုမဖြည့်နိုင် မပြင်နိုင်သမျှ ဒီဆောင်းပါး မတိုးတက်ဘူးလို့ပြောရမယ်” တဲ့စကားလို အဲဒီတော့ တိုးတက်အောင်သာ ဆောင်းပါဖတ်ရင်ဝေဘန်ပါလို့…
စာရေးသူလည်း ဒီဆောင်းပါးကိုရေးပြီး ၆ မိနစ်တောင်မစောင့်ဘဲ ပို့စ်တခုအနေနဲ့ တင်လိုက်မိတဲ့အတွက်၊ ကျွန်တော်ကိုယ်တိုင် နောင် ၆ နာရီလောက်အကြာ ထပ်ဖတ်လိုက်ရင် ဒီနေရာမှာ ဒီလိုတွေးသင့်တယ်၊ ဒီနေရာမှာ ဒီလိုရေးသင့်တယ်လို့ အတွေးပေါ်မှာအသေအချာပါ၊ အဲဒီလိုပေါ်ခဲ့ရင်လည်း ဆရာဒေါက်တာလှဖေပြောသလို ၆ လ တနှစ်ကြာမှ အပြစ်တွေ့ရင် ငါ့အသိတိုးတက်ပါလားလို့သိ ဆိုတဲ့စကားအရ အော်….ငါကတော့ ၆ နာရီလောက်ပဲကြာမယ်၊ ငါ့အတွေး ငါ့အရေး ငါအားနည်းချက်တွေ တွေ့ရအုံးမှာဘဲဆိုတဲ့ အတွေးကိုလည်း ကျေကျေနပ်နပ်နဲ့ လက်ခံမိနေအုံးမှာ အသေအချာပဲဆိုပြီး ကြံဖန်ပြီးတွေးရင်း တွေးရင်း………

9:32 PM
minnanda

0 comments:
Post a Comment